နေ့စဥ်သတင်း

MNDAA ခေါင်းဆောင်ကို တရုတ်ကဖမ်းထားတာမဟုတ်သလို ကိုးကန့်တပ်တွေလည်း လားရှိုးကနေ ပြန်မဆုတ်

မဲခေါင် 19 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၁၉ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်မှာ အကျယ်ချုပ်ဖမ်းဆီးထားတာ မဟုတ်သလို လားရှိုး ကလည်း တပ်တွေ ပြန်လည်းဆုတ်ခွါနေပြီဆိုတာ မဟုတ်ဘူးလို့ MNDAA သတင်းရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။ တရုတ်နိုင်ငံမှာ MNDAA ခေါင်းဆောင် ဖုန်တာရွှင်နဲ့ “ဝ” ဒု-စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းကိုတရုတ်ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းတွေ မနေ့(နိုဝင်ဘာ ၁၈)က ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းရရှိတဲ့ MNDAA သတင်းအရင်းအမြစ်တစ်ခုထံကတော့ ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က ဖမ်းဆီးတယ်ဆိုတာ သတင်းမှားပါလို့ ပြောပါတယ်။ လားရှိုးကတပ်တွေလည်း ပြန်မဆုတ်ဘဲ တပ်တွေပုံမှန်လှုပ်ရှားနေပြီး စစ်ကောင်စီတပ်တွေ လားရှိုးနားရောက်အောင်လာနိုင်ရင် ပြန်တိုက်ဖို့ အဆင်သင့်ပဲလို့ မဲခေါင်ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားပါတယ်။ “ခုက ပြန်လည်ထူထောင်ရေးတွေ၊

မဲခေါင်၊ နိုဝင်ဘာ ၁၉

MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်မှာ အကျယ်ချုပ်ဖမ်းဆီးထားတာ မဟုတ်သလို လားရှိုး ကလည်း တပ်တွေ ပြန်လည်းဆုတ်ခွါနေပြီဆိုတာ မဟုတ်ဘူးလို့ MNDAA သတင်းရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

တရုတ်နိုင်ငံမှာ MNDAA ခေါင်းဆောင် ဖုန်တာရွှင်နဲ့ “ဝ” ဒု-စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းကိုတရုတ်ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းတွေ မနေ့(နိုဝင်ဘာ ၁၈)က ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းရရှိတဲ့ MNDAA သတင်းအရင်းအမြစ်တစ်ခုထံကတော့ ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က ဖမ်းဆီးတယ်ဆိုတာ သတင်းမှားပါလို့ ပြောပါတယ်။

လားရှိုးကတပ်တွေလည်း ပြန်မဆုတ်ဘဲ တပ်တွေပုံမှန်လှုပ်ရှားနေပြီး စစ်ကောင်စီတပ်တွေ လားရှိုးနားရောက်အောင်လာနိုင်ရင် ပြန်တိုက်ဖို့ အဆင်သင့်ပဲလို့ မဲခေါင်ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားပါတယ်။

“ခုက ပြန်လည်ထူထောင်ရေးတွေ၊ ရေရဖို့၊ မီးရဖို့၊ ဖုန်းလိုင်းတွေရဖို့ လုပ်နေတာတွေ့ရတာပဲ၊ လှုပ်ရှားတာတွေတော့ တွေရတယ်” လို့ လားရှိုး (၁)ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

သတင်းအရင်းအမြစ်တစ်ခုကတော့ အောက်တိုဘာ ၂၁ ရက် မှာ တရုတ်အစိုးရက ဖုန်တာရွှင်ကို ခေါ်ယူတွေဆုံခဲ့ပြီး ၂၃ ရက်မှာ ဖုန်တာရွှင် ချင်းရွှေဟော်ပြန်လာပြီး UWSA ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်၊”ဝ”၊ ကိုးကန့် သုံးပွင့်ဆိုင်ဆွေးနွေးမှုနဲ့ပတ်သက်ပြီး မီဒီယာတွေကိုလှည့်စားဖို့ ဖုန်တာရွှင်ဟာ ကျန်းမာရေးအကြောင်းပြ ကူမင်းဆေးရုံတက်တယ်ဆိုပြီး ယူနန်ပြည်နယ်၊ လီကျန်းမြို့က သူ့ရဲ့နေအိမ်မှာ သွားရောက်နေထိုင်ခဲ့ပါတယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်အတည်ပြုတာတွေ မရှိသေးပေမယ့် အနီးစပ်ဆုံးသတင်းရင်းမြစ်တွေဆီကို မဲခေါင်သတင်းဌာနအနေနဲ့ မေးမြန်းထားတာဖြစ်ပြီး ဆက်စပ်သတင်းတွေ ထပ်မံရယူဆဲ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ လားရှိုးကို စစ်ကောင်စီကို ပြန်ပေးဖို့ MNDAA ကို နယ်စပ်တွေပိတ်ကာ အကြပ်ကိုင်ဖိအားပေးနေသလို MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကိုလည်း ဖမ်းဆီးထားတယ်လို့ သတင်း တွေထွက်ပေါ်နေစဉ်မှာပဲ တရုတ်နိုင်ငံက ဖမ်းဆီးထားတာမဟုတ်ဘဲ ဆေးကုသခွင့်တောင်းခံကာ ဆေးကုနေတာဖြစ်ပြီး အခုအခါပြန်မလည်နလန်ထလာပြီလို့ တရုတ်ကပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောကြားကြောင်း VOA က ဒီ‌နေ့ဖေါ်ပြပါတယ်။

MK 012
#MekongNews
#MNDAAခေါင်းဆောင်
#တရုတ်ဖမ်းဆီးတာမဟုတ်
#ဆေးကုသနေ
#လားရှိုးမှာတပ်တွေပုံမှန်လှုပ်ရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now