နေ့စဥ်သတင်း

ကျိုင်းတုံမှာ စစ်မှုထမ်းအစားထိုးဖို့ ငွေ ၃ ဆ တိုးကောက်

မဲခေါင် 18 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၁၈ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ စစ်မှုထမ်းမထမ်းမနေရ အပတ်စဥ် (၇) အတွက် လူထုထံက ကောက်ခံငွေဟာ ကျပ် ငါးသောင်းကနေ တစ်သိန်းခွဲအထိ သုံးဆ တိုးလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေအရ ရပ်ကွက်၊​ ကျေးရွာအလိုက် လူစုဆောင်းပေးရတာဖြစ်ပြီး မလိုက်ချင်တဲ့ မိသားစုတွေအနေနဲ့ တစ်အိမ်ကို ကျပ်တစ်သိန်းခွဲအထိ တိုးကောက်လာတာလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “အခုကောက်တာ တစ်သိန်းခွဲတောင် ဖြစ်လာတယ်။​ စစ်သားရှိတဲ့ စစ်တပ်မိသားစုတွေလည်း ပေးရတယ်။​ သူငယ်ချင်းမိသားစုတွေဆီ လာကောက်တယ်။ တချို့က တခြားဒေသကနေ ပြောင်းလာတာ၊ အကုန်ပေးရတာပဲ” လို့ သူက ပြောပါတယ်။ ဒါပေမယ့် ရပ်ကွက်အလိုက်ကောက်ခံတဲ့ပုံစံမတူကြဘဲ ကျိုင်းတုံ မြို့ပေါ် ရပ်ကွက်

မဲခေါင်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ စစ်မှုထမ်းမထမ်းမနေရ အပတ်စဥ် (၇) အတွက် လူထုထံက ကောက်ခံငွေဟာ ကျပ် ငါးသောင်းကနေ တစ်သိန်းခွဲအထိ သုံးဆ တိုးလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေအရ ရပ်ကွက်၊​ ကျေးရွာအလိုက် လူစုဆောင်းပေးရတာဖြစ်ပြီး မလိုက်ချင်တဲ့ မိသားစုတွေအနေနဲ့ တစ်အိမ်ကို ကျပ်တစ်သိန်းခွဲအထိ တိုးကောက်လာတာလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခုကောက်တာ တစ်သိန်းခွဲတောင် ဖြစ်လာတယ်။​ စစ်သားရှိတဲ့ စစ်တပ်မိသားစုတွေလည်း ပေးရတယ်။​ သူငယ်ချင်းမိသားစုတွေဆီ လာကောက်တယ်။ တချို့က တခြားဒေသကနေ ပြောင်းလာတာ၊ အကုန်ပေးရတာပဲ” လို့ သူက ပြောပါတယ်။

ဒါပေမယ့် ရပ်ကွက်အလိုက်ကောက်ခံတဲ့ပုံစံမတူကြဘဲ ကျိုင်းတုံ မြို့ပေါ် ရပ်ကွက် (၅) မှာတော့ ပထမဆုံး ကျပ်သုံးသောင်းကောက်ပြီး နှစ်လမကြာဘူး ကျပ်ငါးသောင်းပေးရသလို ဒီလိုငွေပေးရကြောင်း တခြားသူတွေကို မပြောဖို့ ပိတ်ပင်သွားတယ်လို့ ကျိုင်းတုံမြို့၊ နောင်ဖာရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။

ကျိုင်းတုံမြို့၊ နောင်ရေး ရပ်ကွက်တစ်မြို့မစျေးသားတစ်ဦးကလည်း “တချို့ ကလေးတွေ ရွာမှာနေရင် ဆွဲခံရမှာစိုးလို့ ကျောင်းအတက်ပြပြီး အဆောင်လာနေကြရတာတွေရှိတယ်။ ဒါလဲ အိမ်ကတော့ ငွေတစ်သိန်းခွဲအထိထည့်ရတာပါပဲ။ ကလေးတွေနဲ့ခွဲနေရ၊ ငွေပိုကုန်နဲ့ ဒုက္ခတွေ ရောက်နေကြတာ”လို့ မဲခေါင်ကို ပြောပါတယ်။

စစ်ကောင်စီစစ်မှုထမ်းဥပဒေအရ အသက်နဲ့ အကျုံးဝင်သူမရှိတဲ့အိမ်တွေလည်း အနည်းဆုံးကျပ်တစ်သောင်းကနေ စီးပွားရေးအခြေအနေအလိုက် ကျပ်ငါးသောင်းအထိကောက်ခံနေပြီး လူငှားထည့်ခကိုလည်း အရင်ကျပ်သိန်း ၁၀၀ ပေးရာကနေ အခုကျပ်သိန်း ၁၅၀ အထိ တိုးပေးနေတယ်လို့ ဒေသံခတွေက ပြောပါတယ်။

“အကျုံးဝင်သူတွေလဲ မရှိသလောက်ဖြစ်နေပြီ။ အုပ်ကြီးတွေနဲ့ စစ်တပ်နဲ့ပဲ လူပို့ လက်ခံလုပ်နေကြတာ၊ စာရင်းရှင်းတာလဲ တစ်ခါမှမရှိဘူး။ စားစရာမရှိ၊ လျော်စရာရှိ။ လူတွေ အရမ်းကို ကြပ်တည်းနေကြပြီ” လို့ စစ်မှုထမ်းအတွက် ငွေထည့်ရတာ ငါးကြိမ်ခန့်ရှိပြီဖြစ်တဲ့ ယန်းလောရပ်သားတစ်ဦးကပြောပါတယ်။

စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူ၊ သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူတွေကို အရေးယူဖို့ နေပြည်တော်မှာ နိုဝင်ဘာ ၇ ရက်ကပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှာပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက အမိန့်ပေးထားပါတယ်။

စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းရာမှာ စစ်ကောင်စီက နောက်တန်းတာဝန်သာ ထမ်းဆောင်ရမယ်ရှေ့တန်းမသွားရဘူးလို့ လိမ်ညာခေါ်ယူခဲ့ပေမယ့် သင်တန်ဆင်းတွေဟာ ရှေ့တန်းစစ်မြေပြင်တွေကို တိုက်ရိုက်ပို့ခံနေရလို့ သေတာများနေပြီလို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဥ် တစ် ကနေ ငါး အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့ လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေဟာ အပတ်စဉ် (၆) ကို ရောက်ရှိကာ အောက်တိုဘာ ၁၈ရက်က စတင် သင်တန်းတက်နေပြီး အခုကောက်ခံနေတာဟာ အပတ်စဉ် (၇) အတွက်ဖြစ်တယ်လို့ သိရပါတယ်။

MK – 012
#MeKongNews
#ကျိုင်းတုံ
#စစ်မှုထမ်း
#ငွေကောက်ခံ
#ရှမ်းအရှေ့
Photo – MOI

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now