နေ့စဥ်သတင်း

တာချီလိတ်လေဆိပ်မှာ ခရီးသွားတွေကို လေဆိပ်တာဝန်ကျဝန်ထမ်းတွေ ပူးပေါင်းငွေညှစ်

မဲခေါင် 7 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၇ တာချီလိတ်လေဆိပ်မှာ တာဝန်ကျတဲ့ လဝကနဲ့ လူကုန်တားရဲတွေက ခရီးသွားတွေကို မှတ်ပုံတင်သိမ်းပြီး ငွေညှစ်တာတွေပြုလုပ်နေတယ်လို့ ခရီးသွားတွေထံက သိရပါတယ်။ တာချီလိတ်လေဆိပ်ကို ရောက်လာတဲ့ ခရီးသည်တွေကို လဝကဝန်ထမ်းတွေက မှတ်ပုံတင်စစ်ပြီး မသင်္ကာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လူကုန်တားရဲတွေနဲ့ပေါင်းကာ လူကုန်တားရုံးကို ခေါ်သွားတာလို့ ကိုယ်တွေ့ကြုံရသူတစ်ဦးနဲ့ နီးစပ်သူက မဲခေါင်ကို ပြောပါတယ်။ “လေယဉ်ပေါ်ကဆင်းပြီဆိုတာနဲ့ ဘယ်ကိုသွားမှာလဲ မေးတယ်။ မဖြေတတ်တဲ့သူတွေဖြစ်ဖြစ်၊ မသင်္ကာတဲ့သူတွေဖြစ်ဖြစ် မှတ်ပုံတင်သိမ်းထားလိုက်တယ်။ ပြီးရင် လူကုန်တားကို လွှဲလိုက်တယ်။ နောက်ပြီး သူတို့ဟာသူတို့ တစ်ယောက်ကို ကျပ် ၅ သောင်းကနေ ၁ သိန်းကြားတောင်းပြီး ပြန်လွှတ်ပေးတာ”လို့ သူက ပြောပါတယ်။ အဲဒီလို မသင်္ကာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ခေါ်ဆောင်သွားသူတွေကို တာချီလိတ်လေဆိပ်က

မဲခေါင်၊ နိုဝင်ဘာ ၇

တာချီလိတ်လေဆိပ်မှာ တာဝန်ကျတဲ့ လဝကနဲ့ လူကုန်တားရဲတွေက ခရီးသွားတွေကို မှတ်ပုံတင်သိမ်းပြီး ငွေညှစ်တာတွေပြုလုပ်နေတယ်လို့ ခရီးသွားတွေထံက သိရပါတယ်။

တာချီလိတ်လေဆိပ်ကို ရောက်လာတဲ့ ခရီးသည်တွေကို လဝကဝန်ထမ်းတွေက မှတ်ပုံတင်စစ်ပြီး မသင်္ကာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လူကုန်တားရဲတွေနဲ့ပေါင်းကာ လူကုန်တားရုံးကို ခေါ်သွားတာလို့ ကိုယ်တွေ့ကြုံရသူတစ်ဦးနဲ့ နီးစပ်သူက မဲခေါင်ကို ပြောပါတယ်။

“လေယဉ်ပေါ်ကဆင်းပြီဆိုတာနဲ့ ဘယ်ကိုသွားမှာလဲ မေးတယ်။ မဖြေတတ်တဲ့သူတွေဖြစ်ဖြစ်၊ မသင်္ကာတဲ့သူတွေဖြစ်ဖြစ် မှတ်ပုံတင်သိမ်းထားလိုက်တယ်။ ပြီးရင် လူကုန်တားကို လွှဲလိုက်တယ်။ နောက်ပြီး သူတို့ဟာသူတို့ တစ်ယောက်ကို ကျပ် ၅ သောင်းကနေ ၁ သိန်းကြားတောင်းပြီး ပြန်လွှတ်ပေးတာ”လို့ သူက ပြောပါတယ်။

အဲဒီလို မသင်္ကာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ခေါ်ဆောင်သွားသူတွေကို တာချီလိတ်လေဆိပ်က ဝန်ထမ်းတွေက ကြားကနေဝင်ရောက်ညှိနှိုင်းပေးတယ်ဆိုပြီး ငွေတောင်းကာ ပြန်လွှတ်ပေးတာမျိုးလည်းရှိတယ်လို့ လေဆိပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးကလည်း ပြောပါတယ်။

“လေဆိပ်-DCA က ဝန်ထမ်းတွေက ကြားကနေညှိပေးပြီးမှ အားလုံးဝေစား၊ မျှစားလုပ်ကြတာ။ ပိုက်ဆံပေးလိုက်ရင်တော့ သွားချင်တဲ့နေရာကို ကားငှားပြီးတောင် ပို့ပေးသေးတယ်။ ငွေညှစ်ခံရတာ တစ်ရက်ကို အယောက် ၂၀ လောက်ရှိတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် လဝက ဝန်ထမ်းတွေက မှတ်ပုံတင်မပါတာ၊ သက်ပြည့်မှတ်ပုံတင်မလဲရသေးတား စတဲ့ကိစ္စတွေနဲ့လည်း အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်တာတွေရှိတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

လက်ရှိမှာ တာချီလိတ်ကနေ ဟဲဟိုး၊ မန္တလေးနဲ့ ရန်ကုန်မြို့တွေကို တပတ်မှာ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက် လေယာဉ်ခရီးစဉ် ပြေးဆွဲနေပြီး ပြေးဆွဲတဲ့ရက်တွေမှာ တစ်ရက်ကို လေယာဉ် ၁၀ စီးခန့်အတက်အဆင်းရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကတော့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း-MNA၊ မန်းရတနာပုံလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနဲ့ မင်္ဂလာလေကြောင်းလိုင်း (အရင် Air KBZ) တို့ ဖြစ်ပါတယ်။

MK-002

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now