နိုင်ငံရေး

အင်းလေးမှာ ထရန်စဖော်မာကြေး ၃ သိန်းကျပ် ထည့်ဝင်မှ လျှပ်စီးမီး ပြင်ပေးမယ်လို့ဆို

မဲခေါင် 23 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကြေးစားကုန်းတောင်ရွာမှာ EPC က ထရန်စဖော်မာကြေး ၇ သောင်း ကောက်ခံနေတယ်လို့ ရွာခံတွေက ပြောပါတယ်။ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အင်းလေးဒေသမှာ ထရန်စဖော်မာ အများစု ပျက်စီးခဲ့တာကြောင့် ပြန်လည်ပြင်ဆင်နေရပြီး ကျေးရွာအများစုမှာ လျှပ်စစ်မီး မရသေးဘူးလို့ ဆိုပါတယ်။ “အုပ်ကြီးက မစားဘူး။ EPC က တောင်းတာ။ ဒီရွာက နိုင်ငံရေးတအားလုပ်လို့ တမင်ညစ်ပတ်တာပါ။ မီတာခလည်း ၃ ဆဖြစ်မယ် ကြားတယ်” လို့ ကြေးစားကုန်းတောင်ရွာမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ နီးစပ်တဲ့ မင်းချောင်း၊ ရေသာ၊ ကျွန်းကြီး၊ လင်းကင်းရွာတွေကို ကောက်ခံခြင်း

မဲခေါင်၊ အောက်တိုဘာ ၂၃

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကြေးစားကုန်းတောင်ရွာမှာ EPC က ထရန်စဖော်မာကြေး ၇ သောင်း ကောက်ခံနေတယ်လို့ ရွာခံတွေက ပြောပါတယ်။

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အင်းလေးဒေသမှာ ထရန်စဖော်မာ အများစု ပျက်စီးခဲ့တာကြောင့် ပြန်လည်ပြင်ဆင်နေရပြီး ကျေးရွာအများစုမှာ လျှပ်စစ်မီး မရသေးဘူးလို့ ဆိုပါတယ်။

“အုပ်ကြီးက မစားဘူး။ EPC က တောင်းတာ။ ဒီရွာက နိုင်ငံရေးတအားလုပ်လို့ တမင်ညစ်ပတ်တာပါ။ မီတာခလည်း ၃ ဆဖြစ်မယ် ကြားတယ်” လို့ ကြေးစားကုန်းတောင်ရွာမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

နီးစပ်တဲ့ မင်းချောင်း၊ ရေသာ၊ ကျွန်းကြီး၊ လင်းကင်းရွာတွေကို ကောက်ခံခြင်း မရှိဘဲ ကြေးစားကုန်းတောင်ရွာ တစ်ခုတည်းသာ ကောက်ခံနေပြီး အောက်တိုဘာလမကုန်မှ ထည့်ဝင်ရမယ်လို့ သိရပါတယ်။

“နိုင်ငံရေးလုပ်တဲ့ ရွာတွေကိုပဲ ကောက်တာ။ တချို့ ထရန်စဖော်မာ ၂ လုံးရှိတဲ့ ရွာက ၆ သိန်းထည့်ရမှာ” လို့ EPC နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အင်းလေးဒေသမှာ ရေပြန်ကျလာပေမယ့် ဓါတ်တိုင်အများစု ရေမြုပ်နေတာကြောင့် မပြင်ဆင်နိုင်သေးဘဲ ရေမြုပ်တဲ့ ကျေးရွာ ၁၇၁ ရွာထဲက ၃ ပုံတစ်ပုံခန့်သာ မီးလာကြတယ်လို့ ဆိုပါတယ်။

ခရီးသွား အမှီပြုနေရတဲ့ အင်းလေးဒေသမှာ သီတင်းကျွတ်ကာလအတွင်း ခရီးသွားလာရောက် လည်ပတ်သူ မရှိတာကြောင့် ဝင်ငွေနည်းပါးလာပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စုံစမ်းသိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းရယ်တွင် တရုတ်ကျားဖြန့် ၃ ဦး ဖမ်းမိ

မဲခေါင်၊ ဩဂုတ် ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် တရုတ်ကျားဖြန့် ၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဗဟိုကို ငွေသွင်းရမည်ဟုဆိုကာ PNO ပြည်သူ့စစ်က တစ်အိမ် ၂၀၀၀၀ ကျပ် ဆက်ကြေးကောက်

မဲခေါင်၊ ဩဂုတ် ၂၇ ဗဟိုဌာနချုပ်ကို ငွေသိန်းတစ်ထောင် သွင်းရမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုတွင် တစ်အိမ် ၂ သောင်းကျပ် ဆက်ကြေးကောက်ခံနေသည်ဟု ဒေသခံများကပြောသည်။ ယခင်က တစ်လတစ်သောင်းကျပ် ဆက်ကြေးကောက်ခံနေရာမှ ယခု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now