နိုင်ငံရေး

တောင်ကြီးတန်ဆောင်တိုင်အတွက် စစ်ကောင်စီ စစ်ဆေးရေးတင်းကျပ်

မဲခေါင် 23 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက တန်ဆောင်တိုင်ပွဲတော်အတွက် ပြင်ဆင်နေပြီး အစစ်အဆေး တင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လင်းတကုန်းပေါ်မှာ စစ်ကောင်စီတပ်သား ၅ ဦးခန့် စောင့်ကြည့်နေပြီး လမ်းသွားလမ်းလာတိုင်းကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ “အခုလေးတင် ဆိုင်ကယ်တစ်စီး မောင်းပြေးလို့ ရှေ့မှာပိတ်ပြီး တုတ်နဲ့ ရိုက်ချလိုက်တာ ဆိုင်ကယ် လဲကျသွားတယ်။ ဖမ်းမဖမ်းတော့ မကြည့်ရဲတော့လို့ မသိဘူး” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။ လက်ရှိပြင်ဆင်နေတဲ့ အဝေရာ မီးပုံးပျံကွင်း အပါအဝင် တောင်ကြီးအတက်လမ်း၊ ထုံးဖိုဂိတ်၊ စူဠာမုနီဘုရားအနီးက နီလာရိုးမ ဓါတ်ဆီဆိုင်နဲ့ မြို့ဝင်စစ်ဆေးရေးဂိတ်တွေမှာလည်း အစစ်ဆေးတင်းကြပ်နေတယ်လို့

မဲခေါင်၊ အောက်တိုဘာ ၂၃

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက တန်ဆောင်တိုင်ပွဲတော်အတွက် ပြင်ဆင်နေပြီး အစစ်အဆေး တင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လင်းတကုန်းပေါ်မှာ စစ်ကောင်စီတပ်သား ၅ ဦးခန့် စောင့်ကြည့်နေပြီး လမ်းသွားလမ်းလာတိုင်းကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“အခုလေးတင် ဆိုင်ကယ်တစ်စီး မောင်းပြေးလို့ ရှေ့မှာပိတ်ပြီး တုတ်နဲ့ ရိုက်ချလိုက်တာ ဆိုင်ကယ် လဲကျသွားတယ်။ ဖမ်းမဖမ်းတော့ မကြည့်ရဲတော့လို့ မသိဘူး” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိပြင်ဆင်နေတဲ့ အဝေရာ မီးပုံးပျံကွင်း အပါအဝင် တောင်ကြီးအတက်လမ်း၊ ထုံးဖိုဂိတ်၊ စူဠာမုနီဘုရားအနီးက နီလာရိုးမ ဓါတ်ဆီဆိုင်နဲ့ မြို့ဝင်စစ်ဆေးရေးဂိတ်တွေမှာလည်း အစစ်ဆေးတင်းကြပ်နေတယ်လို့ သိရပါတယ်။

“မြို့ဝင်ဂိတ်တွေက ဆိုင်ကယ်ရပ်ခိုင်းပြီး ဘယ်သွားမလဲ၊ ဘာကိစ္စလဲ မေးတာပါ။ လူကဲခတ်တဲ့ သဘောပါပဲ။ မြို့ထဲမှာတော့ အဓိက လူငယ်တွေပေါ့။ လူကြီးပိုင်းတွေ သက်ကြီးရွယ်အိုတွေတော့ ချောင်ပါတယ်” လို့ ထုံးဖိုဂိတ်ကနေ ဖြတ်သွားလာသူ တစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ညတုန်းက လင်းတကုန်းမှာ စစ်ဆေးခံရစဉ် လူငယ် ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ဘာကြောင့်ဖမ်းတယ် ဆိုတာ မသိရသလို ဒီနေ့အထိလည်း အဆက်အသွယ် မရသေးပါဘူး။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက တောင်ကြီးမြို့ပေါ်ရှိ လမ်းအများစုမှာ စစ်ကောင်စီတပ်သားတွေကိုသာ တွေ့ရပြီး စစ်ခေါင်းဆောင်ရာကြီးပိုင်းတွေ လာတဲ့အချိန်နဲ့ ဆိုင်ကယ်ဦးထုပ် ဖမ်းတဲ့အချိန်မှပဲ ယာဉ်ထိန်းရဲတွေ ပေါ်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းရယ်တွင် တရုတ်ကျားဖြန့် ၃ ဦး ဖမ်းမိ

မဲခေါင်၊ ဩဂုတ် ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် တရုတ်ကျားဖြန့် ၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဗဟိုကို ငွေသွင်းရမည်ဟုဆိုကာ PNO ပြည်သူ့စစ်က တစ်အိမ် ၂၀၀၀၀ ကျပ် ဆက်ကြေးကောက်

မဲခေါင်၊ ဩဂုတ် ၂၇ ဗဟိုဌာနချုပ်ကို ငွေသိန်းတစ်ထောင် သွင်းရမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုတွင် တစ်အိမ် ၂ သောင်းကျပ် ဆက်ကြေးကောက်ခံနေသည်ဟု ဒေသခံများကပြောသည်။ ယခင်က တစ်လတစ်သောင်းကျပ် ဆက်ကြေးကောက်ခံနေရာမှ ယခု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now