မဲခေါင်၊ အောက်တိုဘာ ၆
ရှမ်းတောင်၊ အင်းလေးဒေသ၊ နောင်ဝိုးတိုက်ပွဲမှာ အင်းလေး 1009 IPDF က ရဲဘော် ၁ဦးကျဆုံးလို့ မနေ့က စျာပန အခမ်းအနား ပြုလုပ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၄ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီ PNO နဲ့ တိုက်ပွဲဖြစ်ပွားရာမှာ 1009 IPDF က ရဲဘော် ကျော်ကျော်(ခ)နော်စိုင်း ကျဆုံးခဲ့တာလို့ သိရပါတယ်။
မနေ့ အောက်တိုဘာ ၅ ရက်မှာ သူ့ရဲ့စျာပန အခမ်းအနားကို တော်လှန်စစ်မြေပြင် တစ်နေရာမှာ နောင်ဝိုးတိုက်ပွဲမှာ ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့တဲ့ အာဇာနည်သူရဲကောင်း ရဲဘော် ကျော်ကျော် ( ခ ) နော်စိုင်းရဲ့ ဈာပန အခမ်းအနားကိုအမှတ် 1009 တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ကညိုးငယ်သော စိတ်ဖြင့် စီစဉ်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
“ရဲဘော် နော်စိုင်း၏ပေးဆပ်မှုကို မိမိတို့ IPDF မှ နမြောတသ ဝမ်းနည်းရသလို လေးစားဦးညွှတ်အလေးနီပြုရပါတယ်၊အာဇာနည်သူရဲကောင်း ရဲဘော် ကျော်ကျော် (ခ) နောင်စိုင်းကောင်းရာသုဂတိသို့ ရောက်ရှိပါစေ”လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
အဆိုပါ စျာပန အခမ်းအနားမှာ မပြီးပြတ်သေးတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်တော်လှန်ရေးကို မိမိတို့ အမှတ် 1009 တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF က လက်ဆင့်ကမ်းဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဂတိသစ္စာ ပြုကြကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ယင်းတပ်ရင်းက ရဲမေ တစ်ဦးကျဆုံးခဲ့ရသလို Pa-o Youth Acadame က ရဲဘော်ဂျိူဆန်းလည်း ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာ ဖွဲ့စည်းမှု သက်တမ်း ၂ နှစ်ပြည့်ခဲ့တဲ့ 1009IPDF ဟာ စက်တင်ဘာ ၂၅ ရက်က တပ်ရင်းနှစ်ပတ်ဘလည်နေ့ကျင်းပခဲ့သေးပါတယ်။
လက်ရှိမှာ ရှမ်း၊ကယားနယ်စပ် ဖယ်ခုံ၊ ညောင်ရွှေဒေသ လွတ်မြောက်ဖို့ အခြား ညီနောင်တပ်ရင်းတွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
MK-012








