မြန်မာ့နွေဦး

ဟိုပန်အာဏာပိုင်တွေ သတ်မှတ်တဲ့ ကျန်းမာရေးလက်မှတ်နဲ့ ခွင့်ပြုချက်လက်မှတ်ရဖို့ ကုန်ကျစရိတ်များကြောင်း မြို့ခံတွေညည်းတွား

မဲခေါင် 20 Sep - 2024

မဲခေါင်၊ စက်တင်ဘာ ၂၀ UWSA “ဝ”အမျိုးသားသွေးစည်းညီညွှတ်ရေးတပ်မတော် အုပ်ချုပ်လျက်ရှိတဲ့ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မှာ ခရိုင်းအတွင်းရှိ ဝန်ဆောင်မှုလုပ်ငန်းလုပ်သူအားလုံး ကျန်းမာရေးစစ်ဆေးခြင်းပြုလုပ်၍ ကျန်းမာရေးခွင့်ပြုချက် လက်မှတ်များပြုလုပ်ရန် ဟိုပန်ခရိုင်ကျန်းမာရေးဌာနက စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ကျန်းမာရေးခွင့်ပြုချက်လက်မှတ်တွေရဖို့ ကုန်ကျစရိတ်များတာကြောင့် ဟိုပန်မြို့ရှိ ပြည်သူလူထုများ အခက်တွေ့နေ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျန်းမာရေးခွင့်ပြုချက်တစ်ခုကို ယွမ် ၂၄၀ လက်ရှိမြန်မာငွေပေါက်ဈေး (၁၆၃,၂၀၀)ကျပ် ကျသင့်မှာဖြစ်ပြီး ကျန်းမာရေး လက်မှတ်ကတော့ တစ်ဦးကို ယွမ် ၁၄၀ (၉၅,၂၀၀)ကျပ် (လိုင်စင်ဓာတ်ပုံ ရိုက်ကူးခ အပါအဝင်) ကျသင့်ကြောင်း ဟိုပန်ခရိုင်ကျန်းမာရေးဌာနက သတ်မှတ်ထားပါတယ်။ ” အစ်မတစ်ယောက်ကခေါက်ဆွဲဆိုင်ဖွင့်ထားတာ သူ့ဆိုင်မှာဆိုရင် တစ်နေကုန်ရောင်းမှ (မြန်မာငွေ)ငါးသောင်းမရတဲ့အချိန်တွေရှိတယ်သုံးသောင်း၊ လေးသောင်းလောက်ပဲရတာ


မဲခေါင်၊ စက်တင်ဘာ ၂၀

UWSA “ဝ”အမျိုးသားသွေးစည်းညီညွှတ်ရေးတပ်မတော် အုပ်ချုပ်လျက်ရှိတဲ့ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မှာ ခရိုင်းအတွင်းရှိ ဝန်ဆောင်မှုလုပ်ငန်းလုပ်သူအားလုံး ကျန်းမာရေးစစ်ဆေးခြင်းပြုလုပ်၍ ကျန်းမာရေးခွင့်ပြုချက် လက်မှတ်များပြုလုပ်ရန် ဟိုပန်ခရိုင်ကျန်းမာရေးဌာနက စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ကျန်းမာရေးခွင့်ပြုချက်လက်မှတ်တွေရဖို့ ကုန်ကျစရိတ်များတာကြောင့် ဟိုပန်မြို့ရှိ ပြည်သူလူထုများ အခက်တွေ့နေ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျန်းမာရေးခွင့်ပြုချက်တစ်ခုကို ယွမ် ၂၄၀ လက်ရှိမြန်မာငွေပေါက်ဈေး (၁၆၃,၂၀၀)ကျပ် ကျသင့်မှာဖြစ်ပြီး ကျန်းမာရေး လက်မှတ်ကတော့ တစ်ဦးကို ယွမ် ၁၄၀ (၉၅,၂၀၀)ကျပ် (လိုင်စင်ဓာတ်ပုံ ရိုက်ကူးခ အပါအဝင်) ကျသင့်ကြောင်း ဟိုပန်ခရိုင်ကျန်းမာရေးဌာနက သတ်မှတ်ထားပါတယ်။

” အစ်မတစ်ယောက်ကခေါက်ဆွဲဆိုင်ဖွင့်ထားတာ သူ့ဆိုင်မှာဆိုရင် တစ်နေကုန်ရောင်းမှ (မြန်မာငွေ)ငါးသောင်းမရတဲ့အချိန်တွေရှိတယ်သုံးသောင်း၊ လေးသောင်းလောက်ပဲရတာ အဲ့တာကိုသူတို့က စာလာပေးတာ အဲ့တာကိုတစ်ယောက်ကို တရုတ်ငွေနဲ့ အဲ့လောက်ကအရမ်းများတယ် တစ်ရက်ကိုမှ သုံးလေးသောင်းပဲရတဲ့ဟာကို ပြီးတော့ဒါ(ကျန်းမာရေးခွင့်ပြုချက်လက်မှတ်)ကတခါပဲလုပ်ရတာမဟုတ်ဘူး သုံးလတစ်ခါလုပ်ရမယ်တဲ့နေကိုမနေချင်တော့တာ” လို့ ပိုပန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဟိုပန်မြို့တွင်းရှိ လုပ်ငန်းရှင်တချို့များလည်း ၎င်းတို့ ကိုယ်ပိုင်လုပ်ငန်းများဖြစ်တဲ့ ဟိုတယ်များ၊ KTVများနဲ့ စားသောက်ဆိုင်တချို့များကို ပြန်ထုတ်ရောင်းနေတာရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

“အခုဟာက(ကျန်းမာရေးခွင့်ပြုချက်လက်မှတ်) တစ်ခုပဲမဟုတ်ဘူး။ ကျန်တဲ့အခွန်တွေလည်း အရမ်းအများကြီးကောက်တာ အဲ့ကြောင့် အခုဆိုရင် စီးပွားရေးသမားတွေဆို သူတို့ရဲ့လုပ်ငန်းဖြစ်တဲ့ ဟိုတယ်တွေ ဆိုင်ခန်းတွေပြန်ထုတ်ရောင်းတာတွေရှိတယ်ပိတ်ထားတွေလည်းရှိတယ်” လို့ ‌ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ထိုပြန်ချက်မှာ ဟိုပန်ခရိုင် အတွင်းရှိ ဖျော်ဖြေရေးလုပ်ငန်း၊ အနှိပ်ခန်း၊ ဟိုတယ်လုပ်ငန်း၊ အသေးစား စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ တက်တူးဆိုင်များ စတဲ့ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်ကြတဲ့ လုပ်ငန်းရှင်များနဲ့ ဝန်ထမ်းများအားလုံး HBV, HAV, TB, TP, HIV ရောဂါ ပိုးစစ်ဆေးရန် ဟိုပန်ခရိုင်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း လက်မှတ်များကို လျှောက်ထားရမှာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေသူများကို တွေ့ရှိပါက “ဝ”ပြည်နယ်၊ ကျန်းမာရေး စီမံခန့်ခွဲမှု စည်းမျဉ်းအတိုင်း အရေးယူသွားမှာဖြစ်ကြောင်းနဲ့ ကျန်းမာရေးလက်မှတ် မရှိဘဲ လုပ်ငန်းဆောင်ရွက်သူကို ဒဏ်ငွေ ယွမ် ၁ ထောင်၊ ကျန်းမာရေးခွင့်ပြချက် လက်မှတ်မရှိဘဲ မိမိ သဘောအရ ဖွင့်လှစ်သူကို ဒဏ်ငွေ ယွမ် ၂ ထောင်စီ အသီးသီးချမှတ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

MK-016

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now