ဒေသတွင်းသတင်း

စစ်ခေါင်းဆောင်ရဲ့အမိန့်နဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲ ပြန်လုပ်မယ်လို့သိရ

မဲခေါင် 29 Aug - 2024
ရှမ်းတောင်၊ အင်လေးဒေသက အထင်ကရ ဖောင်​တော်ဦးဘုရားပွဲကို မူလက စစ်ရေးအခြေအနေတွေကြောင့် မလုပ်ဖြစ်တော့ဘူးလို့ သိရပေမယ့် ယခုမှာတော့ စစ်ခေါင်းဆောင်ရဲ့အမိန့်နဲ့ ပြန်လုပ်မယ်လို့သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၂၉

ရှမ်းတောင်၊ အင်လေးဒေသက အထင်ကရ ဖောင်​တော်ဦးဘုရားပွဲကို မူလက စစ်ရေးအခြေအနေတွေကြောင့် မလုပ်ဖြစ်တော့ဘူးလို့ သိရပေမယ့် ယခုမှာတော့ စစ်ခေါင်းဆောင်ရဲ့အမိန့်နဲ့ ပြန်လုပ်မယ်လို့သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြိုနယ် အင်းလေးဖေါင်တော်ဦးဘုရားဒေသစာရီ ကြွချီပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း မနေ့ သြဂုတ်လ၂၈ရက် အစည်းအဝေးဆုံးဖြတ်​ချက်အရ အတည်ပြုလိုက်ပြီလို့ သိရှိရပါတယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြလာတာတွေ့ရပြီး မဲခေါင်သတင်းဌာနရဲ့ စုံစမ်းချက်အရ စစ်ခေါင်းဆောင်ရဲ့ အမိန့်အရ လုပ်ရတာလို့သိရပါတယ်။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အုပ်ချုပ်ရေးက ပထမကြိမ် အစည်းဝေးပွဲ၌ ယခုနှစ်မှာ ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း သတ်မှတ်ခဲ့ပေမဲ့ ယခုနှစ် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် အစည်းဝေးပွဲမှာတော့ ဘုရားပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုသိရှိရပါတယ်လို့ ဖော်ပြလာတာပါ။

“ညောင်ရွှေမြို့နယ် ထဲမှာ လည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်၊ ဘုရားဒေသစာရီကြွချီတဲ့ပွဲဟာလည်း တလနီးပါးကြာပါတယ်၊ ဒေသလုံခြုံရေးမရှိ၊ နယ်မြေမအေးချမ်းတဲ့ အချိန် တွင်း အလွန်အန္တရာယ် ကြီးပါတယ်၊ တခြမ်းမှာ ကမ်းပြိုနေပြီး တခြမ်းက အေးချမ်းသယောင် (ဘုရားပွဲ အကြောင်းပြ)ပျော်ပွဲရွှင်ပွဲ လုပ်နေတာလည်း လူမဆန်ပါဘူး””လို့ အင်းလေး ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အင်းလေးဒေသတွင်း ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေလည်း အများကြီးရှိနေပြီး ကုန်စျေးနှုန်းကြီးမြှင့်ကာ ဝင်ငွေနည်းပါးမှုဒဏ်ကို ဒေသခံတွေခံစားနေရတာဖြစ်ပါတယ်။

အင်းလေးဖောင်တော်ဦးဘုရားဒေသစာရီကြွချီအပူဇော်ခံတဲ့ပွဲကို ၂၁ရက်ကြာပြုလုပ်တာဖြစ်ပြီး ရွာစဥ်အဆင့်ဆင့် ကိန်းဝပ်ကြွချီတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ၃ နှစ် မလုပ်ဖြစ်ခဲ့တဲ့ပွဲကို မနှစ်၂၀၂၃ခုနှစ်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင်လာရောက်ခဲ့ပြီး ကျင်းပခဲ့တာပါ။

“မအလ က သူစစ်ရှူံးနေတာကို မရှူံးသယောင်ဟန်ဆောင်ချင်လို့ လုပ်တာ၊ မကြာခင်ကသူရောက်တဲ့ မန္တလေးနန်းမြို့ရိုးပြိုတာ၊ ကျောက်တော်ကြီးဘုရားစိန်ဖူးတော်မိုးကြိုးထိလို့ မြေခတာတွေ နိမိတ်မကောင်းတာ​တွေဖြစ်တာ သူ့အကုသိုလ်နဲ့သူဆိုပေမယ့် အင်းလေးမှာဖြစ်ရင် အင်းသူအင်းသားတွေ မပါဖို့ ဆုတောင်းပါတယ်”လို့ အင်းလေးသူ တစ်ဦးက ပြောပါတယ်။

ယခုနှစ်ဘုရားပွဲတော်ကျင်းပတဲ့အစီအစဥ် ကို မသိရသေးပေမယ့်အရင်နှစ်က သီတင်းကျွတ်လဆန်း ၁ရက်ကစတင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အင်းလေးကန် တောင်ဘက်နဲ့ အရှေ့ဘက်တွေမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲမဖြစ်ဘဲငြိမ်သက်နေပေမယ့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေရှိ​နေပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now