မဲခေါင်၊ သြဂုတ် ၇
ရှမ်းပြည်မြောက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ ၇ ရက် နေ့လည်မှာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ထပ်မံလာရောက် ကြဲချတယ်လို့ ဒေသံခံတွေထံက သိရပါတယ်။
သြဂုတ်လ၅ ရက်က စစ်ကောင်စီတပ်က ဗုံး ၇ လုံး လာရောက်ကြဲချခဲ့ပြီးနောက် ဒီနေ့ သြဂုတ်လ ၇ ရက် နေ့လယ် ၁း၅၀ မှာဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မဲကြဲချတာလို့ သိရပါတယ်။
“မိတ္ထီလာ ရှမ်းတဲလေတပ်ကတက်လာတဲ့ MIG 29 Fighter Jet လေယာဉ်တွေလို့ သိရတယ်။ အခုလဲ Y12 ၁ စီး ၂း၃၀ က တက်လာနေတယ်လို့သတင်းရတယ်၊ ကွတ်ခိုင်သူ ကွတ်ခိုင်သားများ ဂရုစိုက်ကြပါ” လို့ ဒေသခံ ၁ ဦးကသူ့ရဲ့ လူမှုကွန်ယက်မှာ အသိပေးထားပါတယ်။
ဒီနေ့ လာချတဲ့ ဗုံး ၂ လုံးဟာ ရဲစခန်းဟောင်းနဲ့ ဗျူဟာတပ်စခန်းဟောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက်အပျက်အစီးတော့ မသိရသေးဘူးလို့ သိရပါတယ်။
သြဂုတ် ၅ ရက်က ဗုံးကျဲချခဲ့တဲ့ နေရာတွေကတော့ ပြည်ထောင်စုလမ်းမကြီးပေါ်က ဂေါ်ရခါးဘုရားကျောင်းရှေ့(ယခင်ဆောက်လုပ်ရေး AE အိမ်ယာဝန်း)၃လုံး၊ မြို့မစျေးကြီးတောင်ဘက်ထောင့် ၂ လုံး၊ ရပ်ကွက်-၃ တာမိုးညဲလမ်းဘေး ၁ လုံး စုစုပေါင်း ၇ လုံး ချခဲ့လို့ အရပ်သား ပြည်သူ ၆ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး မြို့မစျေးကြီး တခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
MK – 012
ဓာတ်ပုံ – ပုံဟောင်းများဖြစ်ပါတယ်။








