မဲခေါင်၊ သြဂုတ် ၅
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဒီနေ့ညနေ ၃ နာရီခန်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးကြဲချခဲ့လို့ အထိအခိုက်များပြားခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်ဟာ မြို့မစျေးမှာ ၂ လုံး၊ မြို့လယ်ခေါင် လမ်းဆုံမှာ ၁ လုံးနဲ့ မြို့ထဲ ၁ လုံး ကြဲချခဲ့တာဖြစ်ပြီး အများပြည်သူ နေအိမ်နဲ့စျေးတွေကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“လေယာဉ်လာဝဲထဲက တချို့ဆိုင်တွေ အမြန်ပိတ်သိမ်းကုန်ကြတယ်၊ စျေးထဲ အခု မီးလောင်နေဆဲပဲ အထိအခိုက်ဘာမှ မသိရသေးဘူးဗျာ” လို့ မဲခေါင်ကို ပြောပါတယ်။
အကြောင်းမဲ့ မြို့ထဲကို ကြဲချတဲ့ဗုံးကြောင့် ထိခိုက်သေဆုံးမှုကို မဲခေါင်သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲပါ။
ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၁ မှာ TNLA က တိုက်ခိုက်သိမ်းပိုက်ထားတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်ကလည်း MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို အခုလို ညနေ စျေးအတွင်းလူစည်ကားချိန်မှာ စစ်ကောင်စီဗုံးကြဲလို့ အနည်းဆုံး ၇ ဦး သေဆုံးခဲ့ရပါတယ်။
MK-012









