မဲခေါင်၊ ဇူလိုင် ၁၆
ရှမ်းမြောက် လားရှိုးမြို့မှာ MNDAA က ယာယီ ၄ ရက် အပစ်ရပ်ကြေညာထားပေမယ့် လက်နက်ကြီးကျည်စ ထိမှန်လို့ ကလေးငယ် ၁ ဦး ဗိုက်ပွင့်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မနေ့ ဇူလိုင်လ ၁၅ ရက် ညပိုင်းမှာ လားရှိုးမြို့၊ နားမခေါ် လမ်းသွယ် ၄ မှာ လက်နက်ကြီးကျည် အစထိမှန်လို့ မောင်သီဟအောင် အသက်-၅ နှစ်ဟာ ဗိုက်ပွင့်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား ၁ ဦးလည်း ကျောထိ ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီသူ တွေထံက သိရပါတယ်။
“ကလေးက ဒဏ်ရာပြင်းလို့ အရေးပေါ်မှာပဲ ကွယ်လွန်သွားခဲ့ရတယ်၊ ကျောထိအမျိုးသားကတော့ ခွဲစိပ်လိုက်နိုင်တယ်”လို့ လူမှုကူညီသူ တစ်ဦးက ပြောပါတယ်။
လားရှိုမြို့ တိုက်ပွဲတွေစခဲ့တဲ့ ဇူလိုင် ၂ ရက်ညကနေ ဇူလိုင် ၁၅ ရက်အထိ အရပ်သားပြည်သူ သေဆုံးသူ ၄၂ ဦးရှိခဲ့ပြီလို့ လူမှုကူညီသူတွေကထံ သိရပါတယ်။
လက်ရှိမှာ လားရှိုး ရပ်ကွက်-၅ မှာ MNDAA အလံတင်ထားလို့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး MNDAA က သိမ်းပိုက်ခဲ့တဲ့ ရှန်ခိုက်ကျေးရွာအနီးက စစ်အခြေခံလေ့ကျင့်ရေးတပ် စခတ-၁၁ က စစ်ကောင်စီတပ် မိသားစုတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ထောက်ပို့တပ် ထပရ -၆၂၆ က တပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်တွေနဲ့အတူ ကိုးကန့်တပ်ဖွဲ့ထံ လက်နက်ချလာတာမှာ ကိုးကန့် တပ်က ငွေကျပ် ၁၆၅ သိန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
MNDAA က ဇူလိုင် ၁၄ ရက် ညသန်းခေါင်က ၁၈ ရက်ည ၁၂ နာရီအထိ တဖက်သတ်အပစ်ရပ်တာသာဖြစ်ပြီး စစ်ကောင်စီက အပစ်မရပ်တာဖြစ်လို့ MNDAA က ခုခံတဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့သိရပါတယ်။
MK-012










