စစ်ရေးသတင်း

ဆောင်းပြောင်းနဲ့ ပင်လောင်း၊ ဖယ်ခုံ အနောက်ဖက်တကြောလုံး တိုက်ပွဲတွေ ပြင်းထန်နေဆဲ

မဲခေါင် 1 Jul - 2024
ရှမ်းတောင်၊ ပင်လောင်း၊ ဖယ်ခုံတကြော ဆောင်းပြောင်းမှာ စစ်ကောင်စီတပ်၊ PNAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်ဆဲလို့ စစ်မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁

ရှမ်းတောင်၊ ပင်လောင်း၊ ဖယ်ခုံတကြော ဆောင်းပြောင်းမှာ စစ်ကောင်စီတပ်၊ PNAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်ဆဲလို့ စစ်မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မနေ့ မနက် ၇ နာရီကနေ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ ယနေ့ ညနေ ၃ နာရီအထိ ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံလူထု ၃၀၀ ကျော်ကို လူသားဒိုင်းအနေနဲ့ ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီဟာ လက်ရှိမှာ အထိနာနေလို့လေယာဉ်နဲ့ပါ ဗုံးကြဲလာနေတယ်လို့ သိရပါတယ်။

“အခုထိတိုက်ပွဲဖြစ်နေသေးလို့ အသေအချာတော့ မသိရသေးပါဘူး၊ လေယာဉ်ကတော့ သူတို့ အထိနာလို့ ကြဲတာဖြစ်နိုင်တယ်၊ သေချာသိရမှ ထုတ်ပြန်တာမျိုးလုပ်နိုင်မှာပါ”လို့ တော်လှန်ရေးသတင်းအရင်းအမြစ် တစ်ဦးက မဲခေါင်သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

ယမန်နေ့ ဇွန်လ ၃၀ ရက်က လေယာဉ်နဲ့ ၂ ကြိမ် ဗုံးလာကြဲချသလို ယနေ့ နေ့လယ် ၁ နာရီမှာလည်း ဗုံး ၂ လုံးလာကြဲခဲ့တယ်လို့သိရပြီး အထိအခိုက်ရှိမရှိ သေချာမသိရသေးဘူးလို့ပြောပါတယ်။

စစ်ကောင်စီက လမ်းပိတ်ထားပြီး ယနေ့မနက်ပိုင်းမှာ ဆောင်းပြောင်းကို ဒေသခံတွေ ပစ္စည်းပြန်ယူတာ နေ့ခင်း ၁၂ နာရီ နောက်ဆုံးဝင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဒဏ်ရာရသူတွေနဲ့ ဘုန်းကြီးကျောင်းထဲ ပိတ်မိထားတဲ့ ဒေသခံတွေ လွတ်တဲ့အခြေအနေကို ခုချိန်ထိ အတည်ပြုလို့ မရသေးလို့ ဒေသခံတွေ အားလုံး စိတ်ပူနေကြတယ်လို့ သိရပါတယ်။

“ဒဏ်ရာရသူတွေကို ဆေးရုံတွေပေးလွှတ်သင့်တယ်၊ အားလုံးကို စစ်မြပြင်ကြား ခုလို လူသားဒိုင်းလုပ်ထားတာ လူမဆန်ဘူး၊ လူ့အသိစိတ်ကို မရှိကြတော့ဘူး၊ လေယာဉ်ဗုံးကတော့ အထိအခိုက်မကြားဘူး”လို့ ပင်လောင်းက လူမှုကူညီနေသူ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဖယ်ခုံအနောက်ဘက်ခြမ်း ဘန်ကောက်စစ်ဘေးရှောင်စခန်းနား ကို ဗုံးတွေ ကျရောက်ခဲ့တာ ဖုန်လုံးတွေ မြင်တွေ့ရပေမယ့် အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။

ပင်လောင်း၊ ဖယ်ခုံတကြော တိုက်ပွဲတွေဖြစ်ပွားလာတာ ၁၁ ရက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီက အင်အားဖြည့်ဖို့ အတွက် ရွှေညောင်မြို့စစ်တပ်စစ်ကြောရေးနဲ့တည်းခိုရေးစခန်းမှာ သင်တန်းဆင်း တပ်သားသစ် တစ်ထောင်ခန့်ရောက်နေတယ်လို့သိရပြီး ဟိုပုံး၊ ရပ်စောက်ဘက်မှာ တပ်သားသစ်တွေကို စုရပ်ထားပြီး တိုက်ပွဲပြင်းထန်တဲ့နေရာတွေကို အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းရယ်တွင် တရုတ်ကျားဖြန့် ၃ ဦး ဖမ်းမိ

မဲခေါင်၊ ဩဂုတ် ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် တရုတ်ကျားဖြန့် ၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဗဟိုကို ငွေသွင်းရမည်ဟုဆိုကာ PNO ပြည်သူ့စစ်က တစ်အိမ် ၂၀၀၀၀ ကျပ် ဆက်ကြေးကောက်

မဲခေါင်၊ ဩဂုတ် ၂၇ ဗဟိုဌာနချုပ်ကို ငွေသိန်းတစ်ထောင် သွင်းရမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုတွင် တစ်အိမ် ၂ သောင်းကျပ် ဆက်ကြေးကောက်ခံနေသည်ဟု ဒေသခံများကပြောသည်။ ယခင်က တစ်လတစ်သောင်းကျပ် ဆက်ကြေးကောက်ခံနေရာမှ ယခု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now