မဲခေါင်၊ မေလ ၂၇
ညောင်ရွှေမြို့နယ်၊ NS ပညာရေးဖောင်ဒေးရှင်းက ဆရာ၊ ဆရာမနဲ့ လုပ်အားပေး Volunteer တွေက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ကလေးငယ်တွေကို မေလ ၂၅ ရက်က စပြီး ကျောင်းအပ်လက်ခံနေပြီလို့ သိရပါတယ်။
ပညာသင်အရွယ်ကလေးတွေအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ဖို့နဲ့ ဖက်ဒရယ်ပညာရေးစနစ် အကောင်အထည်ဖော်သင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတစ်နေရာမှာ ကျောင်းအပ်နှံလက်ခံတာနဲ့ မိဘဆရာတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
“ပညာရေးဟာ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ အရေးကြီးဆုံး အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် ပညာတတ် လူသားအရင်းအမြစ်တွေ မွေးထုတ်ပေးဖို့ကို ကျနော်တို့လက်ထဲ ကျရောက်လို့လာခဲ့ပါပြီး ကျနော်တို့မိသားစုကလည်း ပိုမိုကြိုးစား သင်ကြားပေးသွားပါ့မယ်” လို့ NS ပညာရေးဖောင်ဒေးရှင်းက ဆရာတစ်ဦးက ဆိုသည်။
NS ပညာရေး ဖောင်ဒေးရှင်း က ဆရာ၊ ဆရာမတွေအနေနဲ့ Grade-1 ကနေ Grade-7 အထိ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရှိရပါတယ်။
MK-012








