မြန်မာ့နွေဦး

အင်းလေး PDF က ကျဆုံးတဲ့ တပ်ဖွဲ့ဝင် ၂ ဦးအတွက် အောက်မေ့ဖွယ် အခန်းအနား ကျင်းပပြီး ကျည်ကာဦးထုပ်အတွက် ကမ်ပိန်း ပြုလုပ်

မဲခေါင် 14 May - 2024
ကယား(ကရင်နီ)ပြည် အခြေစိုက် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ တပ်ရင်း (IPDF)က ကျဆုံးသူ တပ်ဖွဲ့ ၂ ဦးအတွက် ဧပြီလ ၁၁ ရက်နေ့က အောက်မေ့ဖွယ် အခန်းအနား ပြုလုပ်ခဲ့တယ်လို့ အဖွဲ့ရဲ့ လူမှုကွန်ယက်စာကတဆင့် ထုတ်ပြန်ထားပါတယ်။

မဲခေါင် မေ ၁၄

ကယား(ကရင်နီ)ပြည် အခြေစိုက် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ တပ်ရင်း (IPDF)က ကျဆုံးသူ တပ်ဖွဲ့ ၂ ဦးအတွက် ဧပြီလ ၁၁ ရက်နေ့က အောက်မေ့ဖွယ် အခန်းအနား ပြုလုပ်ခဲ့တယ်လို့ အဖွဲ့ရဲ့ လူမှုကွန်ယက်စာကတဆင့် ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ စစ်ကောင်စီရဲ့ ဆောင်နန်းခဲစခန်းသိမ်း တိုက်ပွဲမှာ ၁၁၁၁ စစ်ဆင်ရေး တစ်လပြည့်တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျဆုံးခဲ့တာ ဖြစ်ပြီး ပ နဲ့ ဒု တပ်စိတ်မှူး ၂ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်ရင်းမှူး အင်းဆားကူးက “တိုက်ပွဲမှာ ကျသွားတဲ့အတွက် ကျနော့်အနေနနဲ့များစွာ စိတ်မကောင်း ဖြစ်ရတယ်ပေါ့နော်။ ကျသွားတဲ့ ရဲဘော် ၂ ယောက်သည် တကယ်လည်း တော်တယ်။ တကယ်လည်း အားကိုးရတယ်။ သတ္တိကောင်းပြီး တိုက်ရဲခိုက်ရဲ ရှိတဲ့လူတွေပေါ့နော်။ သူတို့ရဲဘော်တွေလည်း သူတို့ကို တအား သတိရနေတယ်၊ တအားလွမ်းနေတယ်ပေါ့” လို့ ပြောပါတယ်။

တပ်ဖွဲ့ဝင် ၂ ဦးဟာ အင်းသားလူမျိုး ရှိုင်းထက်အောင်(ခ) အယ်မိုက်နဲ့ စစ်ကောင်စီရဲ့ လေတပ်ကနေ CDM ပြုလုပ်ထားတဲ့ ရဲဘော် ကျော်မျိုးလွင်(ခ) ဝမ်းတို့ ဖြစ်ပြီး ၂ ဦးလုံးဟာ ဦးခေါင်းနဲ့ ကျောဘက်တွေမှာ လက်နက်ကြီးစမှန် ဒဏ်ရာတွေကြောင့် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“ကျဆုံးသွားတဲ့ထဲမှာ လက်နက် မလုံလောက်မှု ဆိုတာထက် ကျည်ဆံအခက်အခဲ ရှိသလို တိုက်ပွဲကလည်း ပြင်းတယ်။ စစ်ကောင်စီတွေဘက်ကလည်း အလုံးအရင်းနဲ့ ထိုးလာတဲ့အတွက် ၂ ဖက်အထိအခိုက် အကျအဆုံးမှာ သူတို့ဘက်က ပိုပြီးတော့ စစ်ကြောင်းတစ်ကြောင်းလုံး ပြုတ်တယ်ဆိုတဲ့ အနေအထားပေါ့နော်။ ဘယ်လိုမှ မေ့လို့မရတဲ့နေ့ပေါ့” လို့ တပ်ရင်းမှူး အင်းဆားကူးက ဆက်ပြောပါတယ်။

အလားတူ ၂၀၂၃ ခုနှစ် အင်းလေးဒေသ၊ ဘုရားနီတိုက်ပွဲမှာ IPDF တပ်ရင်းမှူး၊ ဒုတပ်ထောက်၊ တပ်စိပ်မှူး အပါအဝင် ၄ ဦးနဲ့ ညောင်လေးပင်တိုက်ပွဲမှာလည်း တပ်သား ၂ ဦး ကျဆုံးခဲ့ပြီး IPDF တပ်ရင်းမှာ ကျဆုံးသူ ၈ ဦး ရှိပြီလို့ တပ်ရင်းမှူး အင်းဆားကူးရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို ကျဆုံးမှုတွေ ထပ်မဖြစ်စေဖို့အတွက် IPDF အနေနဲ့ ဧပြီလ ၁၅ ရက်နေ့ကစလို့ ကျည်ကာဦးထုပ် ကပ်ပိန်း ပြုနေပြီး ဦးထုပ် တစ်လုံးကို ၄ သိန်းခွဲကျပ်နဲ့ ဦးထုပ်အလုံးရေ ၁၀၀ စာအတွက် သိန်း ၄၅၀ ရရှိဖို့ အကူအညီ တောင်းခံထားပါတယ်။

တပ်ဖွဲ့ဝင်တွေအတွက် အသက်အန္တရာယ် အထောက်အကူပြု ကာကွယ်ရေး ကျည်ကာနဲ့ ကျည်ကာဦးထုပ် ရရှိဖို့အတွက် ပြည်တွင်း/ပ အလှူရှင်တွေ အနေနဲ့ ဦးထုပ်တစ်လုံးစာ ငွေကြေး မတတ်နိုင်ရင်တောင်မှ ပမာဏနည်းများမဆို ပါဝင်ပြီး ကူညီပေးကြဖို့ IPDF က တောင်းဆိုထားပါတယ်။

MK-014

MeKongNews

ကမ်ပိန်း

ကျဆုံး

အင်းလေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now