မဲခေါင်၊ မေလ ၁၃ရက်
ရှမ်းတောင်နမ့်စန်မြို့နယ်က ကျေးရွာဒေသခံတစ်ချို့တွေဟာ မှတ်ပုံတင်မရှိတာကြောင့် လဝက ရုံးကို မှတ်ပုံတင်သွားလုပ်ရာ ၅ သိန်းကျပ် တောင်းခံရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
တိုင်းရင်းသား အသက်ပြည့်ပြီးသော်လည် အများစုမှာ ဘာသာစကားအခက်အခဲနဲ့ ရုံးပိုင်းဆိုင်ရာ ဝင်/ထွက်ဖို့ ကြောက်ရွံနေတာကြောင့် မှတ်ပုံတင်မရှိသဖြင့် ခရီးသွားလာဖို့ အခက်အခဲတွေဖြစ်နေတာပါ။
“ကျွန်နော်အသက်က ၁၈ နှစ်ကျော်နေပြီး မှတ်ပုံတင်လဲမရှိတော့ လုပ်ရတာပေါ့၊ လဝကဘက်က ၅ သိန်းတောင်တယ် လျော့ပေးဖို့ညှိတယ် သူကပြန်ပြောတယ် သူများဆို ၁၀ သိန်းတောင်ယူတယ်တဲ့ ကျနော်တို့က မရှိတဲ့သူတွေမို့ ၅ သိန်းပဲတောင်းတယ်၊ မှတ်ပုံတင်မရှိရင် ဘယ်မှသွားလို့မရဘူးလေ” လို့ပြောပါတယ်။
တစ်နိုင်ငံလုံး ခရီးတစ်လျှောက် စစ်ကောင်စီစစ်ဆေးရေဂိတ်တွေမှာ မှတ်ပုံတင်စစ်တာကြောင့် မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ငွေတောင်းတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်နောက် နမ့်စန်မြို့ လဝကမှာ အိမ်ထောင်စုစားရင်နဲ့ မှတ်ပုံတင်လုပ်တဲ့သူတွေကို ၅သောင်းကျပ်သာပေးဆောင်ခဲ့ရပြီး အခုနောက်ပိုင်း လူငယ်များစုကပြည်ပထွက်ဖို့ မှတ်ပုံတင်လုပ်တဲ့သူတွေများလာခဲ့ပြီး တစ်ဦးကို ၅သိန်းထိပေးနေရတာပါ။
ရှမ်းတောင်ကနေရှမ်းရှေ့ဖြတ်သွားရတဲ့(သံလွင်မြစ်) တာကော်တံတားမှာ စစ်ကောင်စီတပ်ဖွဲ့တွေစစ်ဆေးမှုကြမ်းပြီး မှတ်ပုံတင်မပါတဲ့သူတွေကို ၁၀သိန်းကျပ်ထိ တောင်းတာရှိတယ်လို့ ခရီးသွားလာတဲ့သူတွေ ကပြောပါတယ်။
နမ့်စန်မြို့နယ်ထဲမှာ ပြည်သူစစ်တပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့ နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တို့က လူငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်နေတာကြောင် ဒေသတွင်းမနေရဲဘဲ ထိုင်းနဲ့ နယ်စပ်မြို့တွေမှာ သွားရောက်အလုပ်လုပ်ကိုင်သူ အရင်ကထက် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
MK 011








