မြန်မာ့နွေဦး

၂ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဟားခါး CDF ထုတ်ပြန်

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းကာကွယ်ရေးတပ်-CDF အနေနဲ့ ပြီးခဲ့တဲ့၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၁၆၆ ကြိမ် ဖော်ဆောင်ခဲ့ရ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁၀ ဦးကို သုတ်သင်နိုင်ခဲ့ကာ ၂၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းကာကွယ်ရေးတပ်-CDF အနေနဲ့ ပြီးခဲ့တဲ့၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၁၆၆ ကြိမ် ဖော်ဆောင်ခဲ့ရ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁၀ ဦးကို သုတ်သင်နိုင်ခဲ့ကာ ၂၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီကနေ့ ပြည်သူ့နွေဦး တော်လှန်ရေး ၂ နှစ်ပြည့် ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြခဲ့တာ ဖြစ်ပြီး တိုက်ပွဲတွေ အတွင်း ဟားခါး CDF ရဲဘော် ၁၉ ဦး ကျဆုံးကာ ၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

၂ နှစ်တာ ကာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၁၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ ၃၇၄ ဦး မတရား ဖမ်းဆီး ချုပ်နှောင်ခံရပြီး ပြည်သူလူထုရဲ့ နေအိမ် ၃၀ လုံး မီးလောင်ခဲ့တဲ့ အပြင် နေအိမ်ပျက်စီးမှု တွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေး အတွက် နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့နဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ စစ်ဆင်ရေး၊ အထူးသဖြင့် မြို့တွင်း စစ်ဆင်ရေးတွေ တိုးမြှင့်ဖော်ဆောင်ကြဖို့လည်း ဟားခါး CDF က နှိုးဆော်ထားပါတယ်။

အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန်ရေးကို အရှိန်မြှင့်ကာ ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်တပ်က အဓမ္မအာဏာသိမ်းတဲ့ ၂ နှစ်တာ ကာလအတွင်း ပြည်သူလူထု နည်းပေါင်းစုံနဲ့ တော်လှန်ခဲ့ရာ ဟားခါးမြို့နယ်မှာ လူအင်အား ၅ သောင်းကျော် ပါဝင်တဲ့ အထွေထွေသပိတ်၊ ဝန်ထမ်း ၄,၀၀၀ ကျော်ပါဝင်တဲ့ CDM၊ လူအင်အား ၃,၀၀၀ ကျော် ပါဝင်တဲ့ လက်နက်ကိုင်လှုပ်ရှားမှုတို့နဲ့ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေး အတွက် နွေဦးတော်လန်ရေးကို ပါဝင်ဆင်နွှဲခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။