မြန်မာ့နွေဦး

၂လဆက်တိုက် စစ်ကြောင်းထိုးခံနေရတဲ့ ကန့်ဘလူမှာ ဒေသခံတွေ ပျူစောထီးနဲ့ စစ်ကောင်စီ စစ်ကြောင်းကို ထမင်းချက်ပို့နေရ

မဲခေါင် 30 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၀ နှစ်လဆက်တိုက် စစ်ကြောင်းထိုးခံထားရတဲ့ ကန့်ဘလူခရိုင်မှာ ဒေသခံတွေက ပျူစောထီးကျေးရွာ ၂ ခုဖြစ်တဲ့ ကံပေါက်နဲ့ လယ်လှကျေးရွာမှာ စခန်းချထားတဲ့ တပ်တွေကို ထမင်း၊ ဟင်းချက်ပြုတ်ပြီး ပို့နေရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၀

နှစ်လဆက်တိုက် စစ်ကြောင်းထိုးခံထားရတဲ့ ကန့်ဘလူခရိုင်မှာ ဒေသခံတွေက ပျူစောထီးကျေးရွာ ၂ ခုဖြစ်တဲ့ ကံပေါက်နဲ့ လယ်လှကျေးရွာမှာ စခန်းချထားတဲ့ တပ်တွေကို ထမင်း၊ ဟင်းချက်ပြုတ်ပြီး ပို့နေရပါတယ်။

အဲဒီရွာ ၂ ရွာမှာ စခန်းချထားပြီး ခရိုင်ထဲကို စစ်ကြောင်းထိုးနေတဲ့ ခလရ ၃၆၈ တပ်ရင်းနဲ့ ပျူစောထီး အဖွဲ့ဝင် တွေကို ဒေသခံတွေက ထမင်း၊ ဟင်းချက်ပြုတ်ပြီး မပို့မနေရပို့ရမယ်လို့ အမိန့်ပေးစေခိုင်းထားတယ်လို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

ကန့်ဘလူခရိုင်က ဒေသခံ ၁၀၀၀၀ လောက်ဟာ အဲဒီတပ်ဖွဲ့တွေရဲ့ နှစ်လဆက်တိုက် စစ်ကြောင်း ထိုးမွှေ နှောက်နေ တာကြောင့် စစ်ကြောင်းအထိုင်ချရာ ကံပေါက်နဲ့ လယ်လှ နှစ်ရွာကလွဲလို့ ကျန် ကျေးရွာ ၁၂ ရွာက သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

“ဒီတိုင်းလေးနေကြရတာ။ သူတို့လည်း အကုန်စွန့်ဖို့တော့မလွယ်ဘူး။ တချို့လည်းကြောက်ကြလို့ ငြိမ်နေကြ တာပါဗျလို့ ကံပေါက်နဲ့ လယ်လှဒေသခံတွေရဲ့ အခြေအနေကို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပြပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေကိုခိုးယူတာ၊ စပါးတင်း ထောင်နဲ့ချီပြီး ခိုးယူတာနဲ့ အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်နဲ့ လယ်ယာသုံး ကျွဲ၊ နွားတွေကို ပြန်ရောင်စားဖို့ ခိုးယူတာတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊ ညောင်ကုန်း၊ မန်ကျည်းကုန်း၊ တောင်ယာဆိပ်၊ သရက်တော၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စုနဲ့ မြဘုံသာ စတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒေသခံအရပ်ဖက်အဖွဲ့အစည်း တစ်ခုက တာဝန်ရှိသူတစ်ဦးက “နီးစပ်ရာတောထဲတွေမှာ ဖြစ်သလို နေနေကြရတယ်ဗျ။ စစ်ကြောင်းက ဘယ်ဘက်ကိုထိုးမှန်းမသိ၊ ကိုယ်တွေရောက်နေတဲ့ တောထဲဘက် စစ်ကြောင်းရွှေ့လာရင် ထပ်ပြေးရနဲ့ အတော်ခက်ခဲကြပါတယ်” လို့ ဆိုပါတယ်။

ဆောင်းရာသီဖြစ်တဲ့အလျောက် တောထဲမှာ လှည့်လည်ရှောင်တိမ်းနေရတဲ့ပြည်သူတွေအတွက် အဝတ်အထည်၊ စောင်၊ မိုးကာနဲ့ ဆေးဝါးတွေကို အရေးပေါ်လိုအပ်လျက်ရှိပြီး အခြေခံစားသောက်ကုန်တွေလည်း လိုအပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျွန်တော်တို့ နယ်တွေကလည်း အတော်အေးတယ်ဗျ။ တောထဲကွင်းပြင်ကြီးတွေမှာ အမိုးအကာမရှိအိပ်ရတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် အရမ်းခက်ခဲပါတယ်။ နာမကျန်းဖြစ်ကြပါတယ်ဗျ” လို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

မနေ့က ဇန်နဝါရီ ၂၉ ရက်နေ့မှာလည်း ချောင်းကြားကျေးရွာကို မီးရှို့ခဲ့လို့ ပြည်သူပိုင် နေအိမ် ၈ လုံးနဲ့ စပါးကျည်တွေမီးလောင် ပျက်စီးခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့ကလည်း အဲဒီရွာကို နေအိမ် ၂၃ လုံးနဲ့ စပါးကျီ ၁၃ လုံးမီးလောင်ပျက်စီး ခဲ့ပါသေးတယ်။

ဒီနေ့မနက် ၉ နာရီခွဲဝန်းကျင်မှာလည်း ကန့်ဘလူမြောက်ခြမ်းမှာရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တောင်ယာဆိပ်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးတဲ့နောက် မန်ကျည်းကုန်းရွာဘက်ကို ဆက်ထွက်သွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“စစ်ကြောင်းက အခုထွက်ပြီလို့တော့ ပြောတယ်ဗျ။ ကန့်ဘလူနယ်၊ မန်ကျည်းကုန်းရွာဘက်ပါ။ ဒါပေမယ့် အဲ့ရွာတွေက မဝေးဘူးဗျ အကုန်နီးတယ်။ စစ်ကြောင်းက ဘယ်ဘက်ရွေ့မလဲမသိဘူး။ ပြည်သူတွေက အတည်တကျမနေရဘူး။ နေနေတဲ့ဘက် စစ်ကြောင်းရွေ့လာရင် ထပ်ပြေးကြရတာမျိုးရှိပါတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ ကန့်ဘလူခရိုင်အတွင်း အင်တာနက်လိုင်းဖြတ်တောက်ခံထားရပြီး ဖုန်းလိုင်းကိုလည်း တခါတလေဖြတ်တောက်ထားတာကြောင့် ဆက်သွယ်ရေးအခက်အခဲတွေလည်း ရှိနေပြီး လတ်တလော ကျေးရွာတွေ မီးရှို့ခံထားရတဲ့ အိမ်ခြေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီဇင်ဘာနဲ့ ဇန်နဝါရီနှစ်လဆက်တိုက် စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် ကျေးရွာ ၈ ရွာက ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်၊ စစ်ရှောင်တဲ့ ၃၀ ခန့်နဲ့ စပါးတင်းထောင်နဲ့ချီ မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ ၁၃ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ နှစ်ကုန်ထိ မြန်မာနိုင်ငံထဲက လူဦးရေ ၁ ဒဿမ ၅ သန်းကျော် ဟာ နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်ကြရတာကြောင့် လူမှုကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်းလိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က အခုနှစ် ဇန်နဝါရီလတွင်းမှာ ထုတ်ပြန်ထားပါတယ်။

MK – 009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။