မြန်မာ့နွေဦး

၁၂ရပ်ကွက် ဗုံးပေါက်ပြီးနောက် လှိုင်သာယာမှာ စစ်ဆေးဖမ်းဆီးမှုကြမ်းနေ

မဲခေါင် 20 Apr - 2023
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၂ရပ်ကွက်မှာ ဗုံးပေါက်လို့ စစ်ဗျူဟာမှူးနဲ့ တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့တာကြောင့် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကြပ်နေပြီး ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၂၀

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၂ရပ်ကွက်မှာ ဗုံးပေါက်လို့ စစ်ဗျူဟာမှူးနဲ့ တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့တာကြောင့် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကြပ်နေပြီး ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဧပြီ၁၃ရက်နေ့ ည၈နာရီကျော်အချိန်က ၁၂ရပ် ကွက်ရုံးအနီး ပေါက်ကွဲမှု၂ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇင်မောင်လွင်နဲ့ တပ်ကြပ်ကြီးမျိုးသန့်တို့သေဆုံးခဲ့ပြီး ရာအိမ်မှူးမျိုးမြင့်မှာ ထိခိုက်ဒဏ်ရာတဲ့ ဖြစ်စဉ် ဖြစ်ပြီးနောက် အခုလိုစစ်ကောင်စီက စစ်ဆေးမှုတွေ ကြမ်းတမ်းနေတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

“ ၁၅ရက်နေ့က ရေဥက္ကံပတ္တမြား၁လမ်းက အဆောင်နေတဲ့လူငယ်တွေ ဖမ်းခံရတယ်။ ၂၀ ရပ်ကွက်မှာဆို လူမိုက်ကျော်နိုင်ဦးအဖွဲ့က ရိုက်နှက်ပြီးဆွဲခေါ်သွားတာမျိုးတွေ လုပ်တယ်။ ဒီ

ကောင့်ယောက်ဖက အပိုင်း၇က ရာအိမ်မှူးလေ။ အဲ့ဒါကို ဖေစ့်ဘွတ်တင်လို့ ရပ်ကွက်ထဲပတ်ဆဲနေ သေးတယ်။ ၂၀ရပ်ကွက်မှာတော့ ဧည့်စာရင်းတွေ အသေစစ်နေတာ။ ဆိုင်ကယ်ဖမ်းတဲ့ရပ်ကွက်တွေထဲမှာ ၇ရပ်ကွက်က အကောင်တွေအဆိုးဆုံးပဲ” လို့ သူက​ပြောပါတယ်။

ဧည့်စာရင်း ဝင်ရောက်စစ်ဆေးရာမှာလည်း သန်းခေါင်စာရင်းနဲ့ အတိအကျစစ်ဆေးသလို ရေချိုးခန်းအိမ်သာအထိ ဝင်ရောက်ရှာဖွေတာ၊ အဝတ်ထုပ်အမဲတွေ ဖွင့်ဖောက်စစ်ဆေးတာတွေအထိ ပြုလုပ်နေပြီး ရပ်ကွက်အတွင်းအဆောင်တွေကို စစ်ဆေးရာမှာလည်း အဆောင်ပိုင်ရှင်တွေကို ဆဲဆိုတာ သေနတ်နဲ့ပစ်သတ်လို့ရတယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဧည့်စာရင်းလာရောက်စစ်ဆေးရာမှာ ဟောင်တဲ့ အိမ်မွေးခွေးတွေကို သတ်ပစ်တာတွေရှိသလို သောင်ကြီးရဲစခန်းက ၁၄ရပ်ကွက် နယ်ထိန်းဖြစ်သူ ဇော်ဝင်းသိန်းကလည်း ဆဲဆိုကြိမ်းမောင်းမှုတွေ လုပ်နေတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦး ကပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၅ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ ၁၁ ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်ဆေးမှုတွေ ပိုမိုဆိုးလာနိုင်ပြီး ဆိုင်ကယ်ဖမ်းဆီးရာမှာလည်း လုယက်သလို လုပ်ဆောင်တာတွေရှိတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မှတ်ချက် – ပုံဟောင်း

MK-005

#MeKongNews 

#စစ်ကောင်စီ 

#လှိုင်သာယာ

#ဧည့်စာရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။