မြန်မာ့နွေဦး

၁၁၁၁ စစ်ဆင်ရေး ပထမရက် စစ်တပ်စခန်း ၇ ခုသိမ်းပိုက်၊ သေနတ်အလက် ၁၀၀ ကျော်ရပြီး စစ်လေယာဥ် တစ်စီး ပစ်ချ

မဲခေါင် 11 Nov - 2023
ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ပေါင်းစုရဲ့ ၁၁၁၁ စစ်ဆင်ရေး ပထမရက် ဒီကနေ့မှာ စစ်ကောင်စီ တပ်စခန်း ၇ ခု သိမ်းပိုက်နိုင်ခဲ့ရာ သေနတ် အလက် ၁၀၀ ကျော်ရရှိပြီး စစ်ဂျက်လေယာဥ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ KNDF က ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁၁

ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ပေါင်းစုရဲ့ ၁၁၁၁ စစ်ဆင်ရေး ပထမရက် ဒီကနေ့မှာ စစ်ကောင်စီ တပ်စခန်း ၇ ခု သိမ်းပိုက်နိုင်ခဲ့ရာ သေနတ် အလက် ၁၀၀ ကျော်ရရှိပြီး စစ်ဂျက်လေယာဥ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ KNDF က ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒေသခံ တော်လှန်ရေးတပ်တွေဖြစ်တဲ့ KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပြောက်ကျားတပ်၊ ရှမ်းတောင် PDF တို့ ပူးပေါင်းပြီး ဒီးမောဆိုမြို့နယ်၊ နန်းမယ်ခုံမြို့က တပ်စခန်းတွေ အပါအဝင် မိုးဗြဲမြို့ နဲ့ လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတွေကို ဒီကနေ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စခန်းပေါင်း ၇ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်က အယောက် ၃၀ ကျော် သေဆုံးတယ်” လို့ KNDF ခေါင်းဆောင် ခွန်းဘီထူးက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်နေတဲ့ကြားက စခန်းတွေကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးငယ် အလက် ၁၀၀ ကျော်ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တိုက်လေယာဥ် တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ လွိုင်ကော်မြို့အနီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က မြို့တွင်းမှာ ပြည်သူတွေ လမ်းမပေါ်ထွက်ပါက ပစ်မယ်လို့ ကြေညာထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

MK-007

#MekongNews

#ကရင်နီ

#KNDF

#ဂျက်လေယာဥ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

1027 စစ်ဆင်ရေးအပြီး စစ်မှုထမ်းဝင်ရောက်လာသူများပြားပြီး သူတို့သဘောဆန္ဒအရသာဖြစ်တယ်လို့ TNLAဆို

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ 1027 စစ်ဆင်ရေးအပြီးမှာ စစ်မှုထမ်းဆောင်ဖို့ တအာင်းလူငယ်တွေက သူတို့ရဲ့သဘောဆန္ဒနဲ့လာရောက်ပူးပေါင်းကြတာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲ ၄လ ကျော်ကြာတဲ့ထိ မိုးမိတ်မြို့မှ ပြည်သူထက်ဝက်နီးပါးစစ်ရှောင်ပြီး နေရပ်မပြန်နိုင်သေး

ရှမ်းမြောက် မိုးမိတ်မြို့တွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်တပ်မတော်(KIA)တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ၄လအကြာမှာ ထွက်ပြေးတိမ်ရှောင်တဲ့ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်အရှေ့ဘက် အနီးဝန်းကျင်ရွာတွေမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ ၁၀၀၀ ခန့် ညောင်ရွှေနဲ့ဟိုပုံးဘက်ကို စစ်ရှောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့ရဲ့အရှေ့ဘက်အနီးဝန်းကျင်က ရွာတွေဖြစ်တဲ့ ထီလီ၊ ခိုမုန်း၊ တုံပန်၊ လွယ်ထွယ်ရွာဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားလို့ ဒေသခံ ၁ ထောင်ကျော် ဟိုပုံးနဲ့ ညောင်ရွှေဘက်ကို စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်မှာ စစ်အင်အားတွေ တိုးချဲ့ပြီး အခိုင်အမာခံစစ်များပြုလုပ်လာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးဘက်တွေမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့ပြီး အခိုင်အမာခံစစ်တွေပြုလုပ်နေသလို EAOs တွေဘက်ကလည်း စစ်ရေးပြင်ဆင်မှုတွေပြုလုပ်လာနေတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တရုတ်နယ်စပ်ဖြတ်ကျော်ပြီး KIA ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ

ကချင်ပြည်နယ်၊ ဝိုင်းမော် ရွှေညောင်ပင် ခမရ - ၃၂၁ ကို မနေ့ မေ ၂၁ ရက်နေ့ ညပိုင်း KIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခံရတဲ့နောက် စစ်ကောင်စီအထိနာလို့ တရုပ်နယ်စပ်ဖြတ်ကျော် အသုံးပြုပြီး လိုင်ဇာမြို့ကို ဗုံးကျဲခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော် ခမရ – ၃၂၁ ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ပြီး စစ်ကောင်စီဘက်က အတွဲလိုက်ဒုံးတွေနဲ့ပစ်ခတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ခမရ - ၃၂၁ ကို မေလ ၂၁ ရက်နေ့ည ၈ နာရီ ၁၅ မိနစ်ခန့်က KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနား ပိတ်ဆို့မယ် ကောလဟာလကြောင့် မြို့ခံတွေ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင်/ထွက် လမ်းတွေကို ဒီနေ့ (မေ ၂၁)ရက် ညနေပိုင်း ၅ နာရီကစပြီး စစ်ကောင်စီက ပိတ်ဆို့မယ်လို့ ကြေညာထားတာကြောင့် မြို့ခံတွေဘက်က ကုန်ဈေးနှုန်းတက်မှာကို စိုးရိမ်နေတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now