မြန်မာ့နွေဦး

၀မ်းနည်းမှုပြသခဲ့တဲ့ ဟာခါးမြို့က ဆိုင်အများအပြား ချိတ်ပိတ်ခံရပြီး ဆိုင်ရှင်တွေကို ရဲစခန်းခေါ်သွား

မဲခေါင် 12 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၂ CNF ဌာနချုပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးမှုတွေ ရှိခဲ့တဲ့အပေါ် ဝမ်းနည်းမှု ပြသတဲ့ အနေနဲ့ မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့က ဟားခါးမြို့မှာ ဆိုင်အများအပြား ပိတ်ထားခဲ့ရာ အဲဒီဆိုင်တွေကို ဒီကနေ့ စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာThe Chin Journal က ဖော်ပြပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၂

CNF ဌာနချုပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးမှုတွေ ရှိခဲ့တဲ့အပေါ် ဝမ်းနည်းမှု ပြသတဲ့ အနေနဲ့ မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့က ဟားခါးမြို့မှာ ဆိုင်အများအပြား ပိတ်ထားခဲ့ရာ အဲဒီဆိုင်တွေကို ဒီကနေ့ စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာThe Chin Journal က ဖော်ပြပါတယ်။

ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆိုင်ပိတ်သူတွေကို ဖမ်းဆီး ချိတ်ပိတ် မယ်လို့ စစ်ကောင်စီတပ်က မနေ့က ခြိမ်းခြောက်ခဲ့ရာ မွန်းလွဲ ၁ နာရီ နောက်ပိုင်း ဆိုင်ပြန်ဖွင့်သူ တစ်ချို့ ရှိခဲ့သလို မဖွင့်ဘဲ တစ်နေ့လုံး ပိတ်ထားသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က ၁ နာရီ နောက်ပိုင်း ပိတ်ထားတဲ့ ဆိုင်ခန်း‌တွေကို စစ်ကောင်စီတပ်သားတွေက ဓါတ်ပုံတွေ လိုက်ရိုက်ခဲ့ ပြီးနောက် ဒီကနေ့မှာ စာတွေကပ်ကာ ချိတ်ပိတ်လိုက်တာ ဖြစ်ပါတယ်။

ချိတ်ပိတ်ခံရတဲ့ ဆိုင်ခန်း ပိုင်ရှင်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရဲစခန်းသို့ ခေါ်ဆောင်သွားရာ အခုအချိန် အထိ ပြန်လည် လွတ်မြောက်လာတာ ရှိမရှိ မသိရသေးဘူးလို့ The Chin Journal က ဖော်ပြပါတယ်။

CNF ဌာနချုပ် တိုက်ခိုက်ခံရမှု ဝမ်းနည်းကြောင်း ပြသလို့ ဆိုင်ခန်းတွေ ချိတ်ပိတ်တာ ဖြစ်ပေမယ့် စစ်ကောင်စီ ကပ်ထားတဲ့ ဗီနိုင်း မှာတော့ “အခုနေအိမ်ဟာ အကြမ်းဖက်မှု ကျူးလွန်သူ တစ်ဦးကို ပုန်းအောင်းခွင့် ပေးတာနဲ့ ယာယီ နေထိုင်ခွင့် ပေးတာကို ဖော်ထုတ်ရရှိတဲ့ အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ အရ နေအိမ် အဆောက်အဦ ပိုင်ရှင်ကို အရေးယူမယ့် အပြင် ပုဒ်မ ၅၆ အရ နေအိမ်၊ အဆောက်အဦအား နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်းမယ်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့