မြန်မာ့နွေဦး

အိုးဘိုထောင် နိုင်ကျဉ်းအမျိုးသမီးအိပ်ဆောင်ထဲ အမျိုးသားတွေဝင်ရောက်ကာ ရေနွေးပူနဲ့ပက်၊ သံတုတ်တွေနဲ့ရိုက်

မဲခေါင် 9 Feb - 2023
မန္တလေး အိုးဘိုထောင်မှာ နိုင်ငံ‌ရေး အကျဉ်းသား အမျိုးသမီး အိပ်ဆောင်တွေထဲသို့ ထောင်ဝန်ထမ်း အမျိုးသား ၁၅၀ ခန့် ဝင်ရောက်ကာ အကြမ်းဖက် ရိုက်နှက်ခဲ့တယ်လို့ တိကျခိုင်မာတဲ့ အကျဉ်းထောင် သတင်းရင်းမြစ်ထံက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၉

မန္တလေး အိုးဘိုထောင်မှာ နိုင်ငံ‌ရေး အကျဉ်းသား အမျိုးသမီး အိပ်ဆောင်တွေထဲသို့ ထောင်ဝန်ထမ်း အမျိုးသား ၁၅၀ ခန့် ဝင်ရောက်ကာ အကြမ်းဖက် ရိုက်နှက်ခဲ့တယ်လို့ တိကျခိုင်မာတဲ့ အကျဉ်းထောင် သတင်းရင်းမြစ်ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၃ နာရီ ၅၀ မိနစ်က အမျိုးသမီး အိပ်ဆောင် (၁) မှာ အကျဉ်းသူ အချင်းချင်း ရန်ဖြစ်ရာ ပြဿနာ ဖြေရှင်းပေးတာ မရှိဘဲ ထောင်ဝန်ထမ်း အမျိုးသားတွေကို ခေါ်ယူပြီး ရိုက်နှက်ခိုင်းခဲ့တာလို့ သိရပါတယ်။

အမျိုးသမီး အိပ်ဆောင် (၁) အကျဉ်းသူတွေက ဒီကိစ္စကို လက်မခံနိုင်တာကြောင့် ထောင်ပိုင်ကို တွေ့ဆုံ တင်ပြပေးဖို့ တောင်းဆိုရာ တာဝန်ကျ အမျိုးသမီး ဝန်ထမ်းက ဖြေရှင်းပေးမယ်လို့သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၄ ရက် မနက် ၉ နာရီမှာလည်း အမျိုးသမီး အိပ်ဆောင် (၂) မှ အမျိုးသမီးချင်း စကားများရာ ဖြေရှင်းမပေးဘဲ ထောင်ဝန်ထမ်း အမျိုးသားတွေကို ခေါ်ယူပြီး အရင်နေ့က အတိုင်း ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ပြဿနာ ဖြစ်ပွားခဲ့တဲ့ အဆောင် နှစ်ခုက နိုင်ငံရေး အကျဉ်းသား အမျိုးသမီးတွေကို အခန်းတွင်း ပိတ်လှောင်ပြီး လက်နက်အပြည့်အစုံနဲ့ ထောင်ဝန်ထမ်း အမျိုးသား ၁၅၀ ထက်မနည်းက အခန်းထဲထိ ဝင်ရောက်ကာ အကြမ်းဖက် ရိုက်နှက်ခဲ့တယ်လို့ သတင်းပေးချက်အရ သိရပါတယ်။

အဲဒီလို ရိုက်နှက်ရာမှာ သံတုတ်၊ ဝါးဆစ်ပိတ်၊ လောက်လေးခွနဲ့ အင်္ဂတေ လောက်စာလုံး၊ ကျင်စက်တွေ အသုံးပြုကာ ရေနွေးပူတွေပက်ပြီး အကြမ်းဖက် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိပ်ဆောင် အခန်းအပြင်မှာ ရှိနေတဲ့ သက်ကြီးရွယ်အို အမျိုးသမီးတွေကိုလည်း ရိုက်နှက်ပြီး အခန်းတွင်း ပိတ်လှောင်ကာ အကြိမကြိမ် ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အကြမ်းဖက်မှုတွေကြောင့် အကျဉ်းသူတွေ ဒဏ်ရာ ရရှိခဲ့ရာမှာ ဦးခေါင်းကွဲသူ ၆ ဦး၊ နားရွက်ပြတ်ရှ ဒဏ်ရာ ရသူ ၂ ဦး၊ မျက်လုံးအနီး လေးခွမှန်သူ ၃ ဦး၊ လက်ကျိုးသူ တစ်ဦး၊ မျက်မှန်ကွဲပြီး မျက်လုံးထဲ မှန်စဝင်သူ တစ်ဦးနဲ့ လောက်လေးခွ ထိမှန် ဒဏ်ရရသူ ၇၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်မှာ ဦးခေါင်းကွဲသူတွေနဲ့ နားရွက်ပြတ်ရှ ဒဏ်ရာရသူတွေ ၅ ချက်စီ ချုပ်ရကာ ဆေးဝါး ကုသခွင့် လုံလောက်စွာ မရရှိဘဲ ထောင်အာဏာပိုင်တွေက အပေါ်ယံသာ ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဒဏ်ရာရသူ နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးတွေကို ရုံးချိန်းရက်မှာ ရုံးမထုတ်ဘဲ Video call နဲ့သာ ရုံးချိန်းပေးတယ်လို့ သိရပြီး ရုံးချိန်းထွက်ရသူတွေကိုလည်း အပြင်သို့ သတင်းပေါက်ကြားပါက နောက်ထပ် ပုဒ်မ ထပ်တပ်ခံရမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

MK-003

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက