မြန်မာ့နွေဦး

အာဏာသိမ်းစစ်ကောင်စီ ၆ လ သက်တမ်းထပ်တိုး၊ မြို့နယ် ၁၃၀ ကျော်မထိန်းသိမ်းနိုင်လို့ မင်းအောင်လှိုင် ဝန်ခံ

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ ဥက္ကဋ္ဌ မင်းအောင်လှိုင်ထံ နောက်ထပ် ၆ လ ထပ်မံ အပ်နှံထားတယ်လို့ စစ်ကောင်စီရဲ့ ကာ/လုံလို့ သတ်မှတ်ထားတဲ့ မနေ့က အစည်းအဝေး ဆုံးဖြတ်ချက်ကို ဒီ‌ကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ ဥက္ကဋ္ဌ မင်းအောင်လှိုင်ထံ နောက်ထပ် ၆ လ ထပ်မံ အပ်နှံထားတယ်လို့ စစ်ကောင်စီရဲ့ ကာ/လုံလို့ သတ်မှတ်ထားတဲ့ မနေ့က အစည်းအဝေး ဆုံးဖြတ်ချက်ကို ဒီ‌ကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြို့နယ် ၃၃၀ အနက် ၁၃၂ မြို့နယ်ကို မထိန်းသိမ်းနိုင်ဘဲ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးဟာ သာမန် အခြေအနေ မဟုတ်တာကြောင့် မင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး နောက်ထပ် ၆ လ သက်တမ်း တိုးပေးလိုက်တယ်လို့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ မင်းအောင်လှိုင် အနေနဲ့ တိုင်းပြည် အခြေအနေဟာ သာမန်မဟုတ်တဲ့ အတွက် တာဝန်များ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ကာလုံ အစည်းအဝေးမှာ တင်ပြလာပါက ကာလုံ အနေနဲ့ သက်တမ်း ၆ လ ၂ ကြိမ် ထပ်တိုးပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ နိုင်ငံရဲ့ အခြေအနေဟာ သာမန်အခြေအနေ မဟုတ်တာကြောင့် မင်းအောင်လှိုင်ရဲ့ အာဏာ သက်တမ်းကို ၆ လထပ်မံ တိုးမြှင့်ပေးလိုက်တယ်လို့ ကာလုံက ကြေညာလိုက်တာပါ။

မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ခု ရှိတဲ့အနက် ၁၉၈ မြို့နယ်မှာသာ လုံခြုံရေး ထိန်းနိုင်ပြီး ၁၃၂ မြို့နယ်မှာ မထိန်းနိုင်တော့ဘူးလို့ မင်းအောင်လှိုင်က ဝန်ခံထားပြီး လုံခြုံရေး အလေးထား ဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုအပ်တဲ့ မြို့နယ် ၆၅ မြို့နယ်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

MK-003

#MekongNews

#စစ်ကောင်စီ

#ကာလုံ

#အခြေခံဥပဒေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။