မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင် 7 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၄

စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဒေသက စစ်ဘေးရှောင်တွေဟာ ဆေးဝါးကုသမှု မလုံလောက်လာတာတွေ၊ ဖမ်းဆီး သတ်ဖြတ် ခံရတာတွေ၊ လက်နက်ကြီးကျတာနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေကို လက်နက်ကြီးကျတာနဲ့ လေယာဉ်နဲ့ ဗုံးတာတွေမှာ သေဆုံးမှု တွေ ရှိခဲ့ရုံမျှမက စစ်ဘေးရှောင်ရတာ ကာလကြာရှည် တာကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တဲ့သူလည်း ရှိခဲ့တယ်လို့ PKPF ထံမှ သိရပါတယ်။

“စစ်ရှောင်တွေ အဓိက အများဆုံးကတော့ ဆေးဝါးကုသမှုမလုံလောက်လို့ သေဆုံးရတာပါ။ အရပ်သား ပြည်သူတွေကတော့ စစ်ကောင်စီက ဖမ်းဆီးပြီးသတ်ဖြတ်ခံရတာကြောင့် သေဆုံးရတာအများဆုံးပါ” လို့ PKPF တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီးတိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ဖြတ်လေးဖြတ်မဟာ ဗျူဟာနဲ့ ဖြတ်တောက် ပိတ်ဆို့လေ့ရှိတာကြောင့် ဒဏ်ရာရ စစ်ဘေးရှောင်တွေ၊ နာတာရှည်ရောဂါသည် စစ်ဘေးရှောင်တွေအတွက် ဆေးဝါးကအစ ရိက္ခာအဆုံး ရရှိဖို့ အခက်အခဲရင်ဆိုင်ရတယ်လို့ ဒေသခံစစ်ဘေးရှောင် ကူညီစောင့်ရှောက် ရေးအဖွဲ့တွေက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိပါတယ်။

စစ်ဘေးရှောင်တွေ သေဆုံးခဲ့ရတဲ့အပြင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့်လည်း အရပ်သားပြည်သူတွေ သေဆုံးရမှုတွေလည်း ရှိခဲ့ရာ ၂ နှစ်တာ ကာလအတွင်း စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၃၀၂ ဦးထိ ရှိခဲ့တာကြောင့် အရပ်သား စုစုပေါင်း ၄၃၀ ဦး သေဆုံးခဲ့ကြောင်း လည်း သိရပါတယ်။

ကရင်နီပြည်နယ်တွင် ၂၀၂၁ ခုနှစ် မေလမှ စတင်ကာ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်ပြီးနောက် စစ်ရေးပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပေါ်လာရာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၅၆၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသတွင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရတာ အကြိမ်ရေ ၁၉၀ ရှိခဲ့တယ်လို့ PKPF က သိရပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲကာလတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ လက်နက်ကိုင်ဦးရေ ၂၁၉ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၁၅၈၁ ဦးရှိခဲ့ပြီး ကရင်နီပြည်နယ်ထဲက ဘာသာရေးအဆောက်အအုံ ၂၈ ခု ပျက်စီးခဲ့ပြီး ဒေသခံအရပ်သားနေအိမ် ၁၃၁၇ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကရင်နီ ဒေသခံတွေဟာ မြို့နယ် တစ်ခုနဲ့တစ်ခု စစ်ရှောင်ရတဲ့ကာလမတူပေမယ့် ၂၀၂၁ ခုနှစ် ဇွန်လလောက်ကစပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရကာ လက်ရှိအချိန်မှာတော့ အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေ အဓိကလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံအနှံ့ပေါ်ပေါက်လာတဲ့ ခုခံတွန်းလှန်မှုတွေထဲမှာ ရှမ်းတောင်ပိုင်း ဖယ်ခုံနဲ့ ကရင်နီဒေသဟာ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်လာခဲ့ပြီး အဲဒီဒေသမှာ ရှိတဲ့ လူဦးရေရဲ့ ၃ ပုံ ၂ ပုံ ဖြစ်တဲ့ လူဦးရေ ၁၉၀,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

MK – 009
ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

#MeKongNews

#စစ်ဘေးရှောင်

#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။