မြန်မာ့နွေဦး

အာဆီယံ သံတမန်ယာဉ်တန်း ပစ်ခတ်ခံရတဲ့ ဆီဆိုင်ဒေသက စစ်ရှောင် ၂,၀၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်နေ

မဲခေါင် 12 May - 2023
မဲခေါင်၊ မေ ၁၂ အာဆီယံ သံတမန်တွေ လိုက်ပါလာတဲ့ အကူအညီပေးရေးအဖွဲ့ ယာဉ်တန်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ မေလ ၇ ရက်နေ့က ပစ်ခတ်ခံရပြီးနောက် အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ မရတော့မှာကို စိုးရိမ်တယ်လို့ စစ်ဘေးရှောင်တွေ ပြောပါတယ်။

မဲခေါင်၊ မေ ၁၂

အာဆီယံ သံတမန်တွေ လိုက်ပါလာတဲ့ အကူအညီပေးရေးအဖွဲ့ ယာဉ်တန်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ မေလ ၇ ရက်နေ့က ပစ်ခတ်ခံရပြီးနောက် အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ မရတော့မှာကို စိုးရိမ်တယ်လို့ စစ်ဘေးရှောင်တွေ ပြောပါတယ်။

လတ်တလော မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဆီဆိုင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကျောက်တည်ရောဂါနဲ့ အရေပြားယားယံခြင်း စတဲ့ ရောဂါ ဝေဒနာတွေ ခံစားနေရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

ဒါ့အပြင် ရာသီတုတ်ကွေး ဖျားနာတာတွေနဲ့ မီးဖွားတော့မယ့် ကိုယ်ဝန်ဆောင်တွေ ရှိနေတာကြောင့် ဆေးနဲ့ ဆက်စပ် ပစ္စည်းတွေ လိုအပ်နေတယ်လို့ တောင်ကလပ် စစ်ဘေးရှောင် စခန်းမှာ ခိုလှုံနေတဲ့ အမျိုးသား တစ်ဦးက ပြောပါတယ်။

“စားနပ်ရိက္ခာတွေလည်း အခြေခံလောက်ပဲ ရှိတယ်။ မိုးနေ့တိုင်းရွာတော့ တဲတွေမှာ မိုးယိုနေတယ်။ မိုးကာတွေက ကြာလာတော့ မကောင်းတော့ဘူး။ အဝတ်အစားတွေလည်း လိုတယ်။ အဓိက လိုအပ်တာတော့ ဆေးဝါးပေါ့။ ဝမ်းလျှောတာတွေက ကူးစက်လွယ်တော့ လူတိုင်းနီးပါး ဖြစ်နေတယ်။ ကျနော်တို့မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလည်း အများကြီးပါတယ်” လို့ သူက ပြောပါတယ်။

အရင်က စစ်ဘေးရှောင် ကူညီတဲ့ အဖွဲ့အစည်းတွေဆီက ဆေးနဲ့ ဆက်စပ်ပစ္စည်း အကူအညီတွေ ရခဲ့ပေမယ့် လက်ရှိ အကူအညီ မရတာ ၃ လခန့် ကြာပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေး ဝန်ထမ်းတွေ မရှိတာကြောင့် မကြာခင် မီးဖွားတော့မယ့် ကိုယ်ဝန်ဆောင်တွေလည်း အခက်အခဲ ဖြစ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။

လက်ရှိ အခက်အခဲတွေကို ဆီဆိုင် ဒေသခံတွေက အဓိက ကူညီ ဖြေရှင်းပေးနေရလို့ ဝန်ထုတ်ဝန်ပိုး ဖြစ်မှာကို စိုးရိမ်တယ်လို့ တောင်ကလပ် စစ်ဘေးရှောင် စခန်းက အမျိုးသား တစ်ဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ စရောက်လာ ကတည်းက ဒေသခံတွေကပဲ တောက်လျှောက် ကူညီပေးလာတာ ဆိုတော့ အားနာလာတာပေါ့နော်။ ဘာပဲလိုလို သူတို့ကပဲ ကူညီပေးနေရတယ်။ ဆေးရုံလည်း ကျနော်တို့က သွားလို့ အဆင်မပြေတော့လေ။ အလုပ်မရှိ၊ ဝင်ငွေလည်း မရှိတော့ ဆေးရုံသွားဖို့က အဆင်မပြေဘူးပေါ့” လို့ သူက ပြောပါတယ်။

ဆီဆိုင်ဒေသက စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ မတ်လက ပင်လောင်းမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲ တွေကြောင့် တိမ်းရှောင်လာသူတွေ ဖြစ်ပြီး တချို့ကတော့ စစ်အာဏာသိမ်းပြီး ကတည်းက ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော် စတဲ့ မြို့နယ်တွေကနေ လာရောက်ခိုလှုံတဲ့ ကရင်နီ စစ်ဘေးရှောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စစ်ဘေးရှောင်တွေဟာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ခိုလှုံ နေထိုင်ကြပြီး တချို့ကတော့ မိုးကာ၊ ဝါးလုံးတွေနဲ့ ယာယီတဲဆောက်ပြီး နေထိုင်ကြတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ်ထဲမှာ စစ်ဘေးရှောင် ၈,၀၀၀ နီးပါးရှိနေပြီး ဆေးနဲ့ ဆက်စပ်ပစ္စည်း အကူအညီလိုအပ်သူ စုစုပေါင်း ၂,၀၀၀ ကျော် ရှိနိုင်တယ်လို့ ကူညီပေးနေသူတွေက ခန့်မှန်း ပြောဆိုပါတယ်။

အဲခုလို အကူအညီတွေ လိုအပ်နေစဉ်မှာ ပစ်ခတ်ခံရတဲ့ သံတမန် ယာဉ်တန်း နောက်ပြန်လှည့်ခဲ့ရတဲ့ ဖြစ်စဥိကြောင့် အကူအညီတွေ မရတော့မှာကို စိုးရိမ် ပူပန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ ပအိုဝ်း ပြည်သူ့စစ် (PNA) က အနီးကပ် စောင့်ကြည့်နေလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အကန့်အသတ်နဲ့သာ ကူညီနေရပြီး အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

CJ-007

#MeKongNews

#ဆီဆိုင်မြို့နယ်

#စစ်ဘေးရှောင်

#အာဆီယံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု