မြန်မာ့နွေဦး

အသံတိတ်သပိတ်ပါဝင်ရင် လိုင်စင်သိမ်းပြီး ဖမ်းမယ်လို့ ရန်ကုန်စည်ပင်ဝန်ထမ်းတွေ ခြိမ်းခြောက်

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၁ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စျေးဆိုင်တွေကို အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ရင် လိုင်စင်သိမ်းမယ့်အပြင် ဖမ်းဆီးအရေးယူသွားမယ်လို့ သက်ဆိုင်ရာ မြို့နယ်အလိုက် စည်ပင်သာယာဌာနတွေက ခြိမ်းခြောက်နေပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စျေးဆိုင်တွေကို အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ရင် လိုင်စင်သိမ်းမယ့်အပြင် ဖမ်းဆီးအရေးယူသွားမယ်လို့ သက်ဆိုင်ရာ မြို့နယ်အလိုက် စည်ပင်သာယာဌာနတွေက ခြိမ်းခြောက်နေပါတယ်။

“ မနေ့ကညကလာပြီး ခြိမ်းခြောက်တယ်။ ဆိုင်တွေပိတ်မယ်ဆို နောက်ဖွင့်လို့မရအောင် လုပ်ပစ်မယ်၊ ပုံမှန်အတိုင်းဆိုင်တွေ ဖွင့်ရမယ်” လို့ တာမွေမြို့နယ်ရှိ ကုန်မျိုးစုံရောင်းဝယ်နေသူတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာနံ နက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း စျေးဆိုင်များပိတ်ရန်မလိုဘဲ အသံတိတ်သပိတ်ပြုလုပ်ကြဖို့ တိုက်တွန်းချက်အပေါ် စစ်ကောင်စီက လိုက်လံတင်းကျပ်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေက ပုံမှန်အတိုင်း သွားလာလှုပ်ရှားဖို့နဲ့ ရန်ကုန်တိုင်း မြို့နယ်အလိုက် စစ်တပ်ထောက်ခံပွဲတွေ စုပေါင်းပြုလုပ်ဖို့နဲ့၊ တန်ပြန်လှုံဆော်မှုတွေပြုလုပ်ဖို့ နှုတ်မိန့်ညွန်ကြားမှုတွေလည်း ရှိနေတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းက ဆိုပါတယ်။

“ အရင် အသံတိတ်သပိတ်တွေတုန်းကလိုပဲ ရုံးကို မဖြစ်မနေတက်ရမယ်၊ ရုံးဖယ်ရီကားစီးတဲ့သူတွေက ဘုရားသွားရမယ်၊ တရားဝင်ထုတ်ပြန်ချက်မျိုး မဟုတ်ဘဲ နှုတ်မိန့်နဲ့ ညွှန်ကြားထားတာလို့” စည်ပင်ဝန်ထမ်းတစ်ဦးကလည်း ဆိုပါတယ်။

လက်ရှိမှာ ဌာနဆိုင်ရာရုံးတွေမှာ စစ်ကောင်စီတပ်သားတွေ အပြည့်ချထားပြီး ရန်ကုန်မြို့ တစ်မြို့လုံးနီးပါး လုံခြုံရေး အပြည့်အဝယူထားတဲ့ အနေအထားရှိနေတာလည်း ဖြစ်ပါတယ်။

အရင် အသံတိတ်သပိတ်များ ပြုလုပ်ခဲ့ရာ သပိတ်မတိုင်မီရက်များတွင် အခုလိုဘဲ စစ်ကောင်စီက ဆိုင်တွေကို မဖြစ်မနေဖွင့်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းတာတွေ၊ ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပေမယ့်လည်း အောင်မြင်ခဲ့ပါတယ်။

လူထုပါဝင်မှုအားကောင်းခဲ့တဲ့ အသံတိတ်သပိတ်ကို ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့နဲ့ အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့တို့မှာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာပါ။

MK-006

#MeKongNews

#အသံတိတ်သပိတ်

#ရန်ကုန်စည်ပင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။