မြန်မာ့နွေဦး

အသက်ကြီးပိုင်းအပါအဝင် ပြည်သူ‌တွေကို သတ်ဖြတ်နေတဲ့ ခမရ ၅၅၀ နဲ့ ဖြစ်ရပ်မှာပါဝင်ပတ်သက်သူတွေကို မဖြစ်မနေ အပြင်းထန်ဆုံး တုံ့ပြန်မယ်လို့ AA ကြေညာ

မဲခေါင် 12 Nov - 2022
ရခိုင်ပြည်နယ်မှာ သက်ကြီးပိုင်းအပါအဝင် ပြည်သူ‌တွေကို သတ်ဖြတ်နေတဲ့ ပုဏ္ဏားကျွန်းမှ ခမရ ၅၅၀ နဲ့ ဖြစ်ရပ်မှာပါဝင်ကျူးလွန်သူတွေကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်မယ်လို့ AA က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းဟာ ဆင်အင်းကြီး ကျေးရွာမှ အရပ် သားနေအိမ်‌တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ထိုကျေးရွာအတွင်းမှ အသက်ကြီးပိုင်း အပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးထက်မနည်းတဲ့ အရေအတွက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခဲ့ကြတာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားနဲ့ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်‌တွေထဲမှာ အဆိုးရွားဆုံး သိသာထင်ရှားတဲ့

ရခိုင်ပြည်နယ်မှာ သက်ကြီးပိုင်းအပါအဝင် ပြည်သူ‌တွေကို သတ်ဖြတ်နေတဲ့ ပုဏ္ဏားကျွန်းမှ ခမရ ၅၅၀ နဲ့ ဖြစ်ရပ်မှာပါဝင်ကျူးလွန်သူတွေကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်မယ်လို့ AA က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းဟာ ဆင်အင်းကြီး ကျေးရွာမှ အရပ် သားနေအိမ်‌တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ထိုကျေးရွာအတွင်းမှ အသက်ကြီးပိုင်း အပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးထက်မနည်းတဲ့ အရေအတွက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခဲ့ကြတာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားနဲ့ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်‌တွေထဲမှာ အဆိုးရွားဆုံး သိသာထင်ရှားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့လုပ်ရပ် တစ်ခုပင်ဖြစ်တယ်လို့ AA က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့‌တွေမှာလည်း စစ်ကောင်စီဟာ ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်း၊ စစ်တွေပါဒလိပ်၊ ကွမ်းတောင်တပ်စခန်း‌တွေမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်ရဟတ်ယာဉ်တွေ ဒရုန်းတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာ‌တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ‌တွေကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၇ နာရီခန့်အချိန် စစ်ကောင်စီရဲ့ ထောက်ပို့ပစ္စည်းကားတစ်စီးကို AA က ပုဏ္ဏားကျွန်းမြို့နယ်၊ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာအကြားမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တာကို လက်တုံ့ပြန်တဲ့အ‌နေနဲ့ တိုက်ပွဲနဲ့ လုံး၀ မသက်ဆိုင်တဲ့အပြစ်မဲ့ပြည်သူလူထုကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ AA က ဆိုပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်ဟာ အလွန်ပင် သူရဲဘောကြောင်တဲ့ စက်ဆုပ်ရွံ့ရှာဖွယ်ရာလုပ်ရပ်ဖြစ်ပြီး AA တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ အခုလို လူမဆန် ရိုင်းစိုင်းတဲ့လုပ်ရပ်‌တွေ ကြောင့် အသက်အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ ပြည်သူ‌တွေအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရတယ်လို့လည်း AA က ထုတ်ပြန် ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့
မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေအလွဲအပို့ရှိတဲ့ အကောင့်တွေကို ဦးတည်ချက်ထားပိတ်ဆို့နေတယ်လို့ K Pay အသုံးပြုသူများထံကသိရပါတယ်။
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။