မြန်မာ့နွေဦး

အရာရှိရဲ့ မနက်စာအတွက် စစ်ကောင်စီတပ်သား ၂ ဦး အသက်စတေးလိုက်ရ

မဲခေါင် 12 Jan - 2023
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ အရာရှိ အတွက် မနက်စာ သွားယူပေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့-မြင်းခြံက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ အရာရှိ အတွက် မနက်စာ သွားယူပေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့-မြင်းခြံက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက် ၄ နာရီ မိနစ် ၂၀ မိနစ်မှာ စစ်ကိုင်းမြို့နယ် ခြေတော်ရာတွင်းတပ်ခေါ် သံချပ်ကာ ကွပ်ကဲရေး ဌာနချုပ် (၇၂) တပ်မှ ထွက်လာတဲ့ ဆိုင်ကယ် ၂ စီးနဲ့ စစ်သား ၄ ဦးကို မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ လယ်ကြီးရွာနဲ့ နတ်ခရိုင် ကျေးရွာကြားမှာ အပြင်းစားမိုင်း ၃ လုံးနဲ့ လျှပ်တပြတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ZERO ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

စစ်ကိုင်းမြို့နယ် သံချပ်ကာ ကွပ်ကဲရေး ဌာနချုပ် (၇၂) တပ်မှ အရာရှိအတွက် မနက်စာ လာယူတဲ့ ဆိုင်ကယ် ၂ စီးနဲ့ စစ်သား ၄ ယောက်ကို လယ်ကြီးနဲ့ နတ်ခရိုင်ရွာကြားမှာ အပြင်းစားမိုင်း ၃ လုံး တိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် တစ်စီး တစ်စစီ ဖြစ်သွားပြီး စစ်သား ၂ ယောက် သေဆုံးတာ မျက်မြင်တွေ့ရတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

နောက်မှပါလာတဲ့ ဆိုင်ကယ်က ရမ်းသန်း ပစ်ခတ်ပေမယ့် မိုင်းတပ်သားတွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဆင်ရေးကို ZERO ပြောက်ကျားတပ်ဖွဲ့-မြင်းခြံနဲ့ သရဲနီအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ အသိပေးထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ