မြန်မာ့နွေဦး

အရာတော်မှာ စစ်တပ်နဲ့ ရဲစခန်းတွေပေါ်ကို NUG အစိုးရရဲ့ တပ်တွင်းဖရဲသီး ဖိတ်ခေါ်စာ ကြဲချ

မဲခေါင် 28 Dec - 2022
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ်နဲ့ ရဲသတင်းပေးတွေကို NUG အစိုးရက ဆုငွေနဲ့ အကျိုးခံစားခွင့်ငွေ ချီးမြှင့်မယ့်အကြောင်း ရေးသားထားတဲ့ စာရွက်တွေကို စစ်တပ်နဲ့ ရဲစခန်း‌တွေပေါ်မှာ ကြဲချခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီစာရွက်‌ တွေကို ဒီကနေ့ မနက် မိုးမလင်းမီမှာ ဒရုန်းနဲ့ ကြဲချခဲ့တာပါ။

ပြည်သူ့ဘက် အမှန်တရားဘက်မှာ ရပ်တည်လိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အာဏာသိမ်း တပ်ချုပ် မင်းအောင်လှိုင်ရဲ့ ထင်ရာစိုင်းမှုအောက်မှာ မပျော်သော်လည်း ဆက်လက် အသုံးတော်ခံနေရတဲ့ စခတ (၁၀)၊ တကရ(၅၀ဝ၄)၊ အမတ(၃၆၉)၊ အရာတော်မြို့မ ရဲစခန်း၊ နောင်ကြီးအိုင်ရဲကင်းရသစ်ရဲကင်း တို့မှ အရာရှိ – စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်‌တွေ၊ အရာတော်မြို့နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်း‌တွေ အားလုံး သိရှိစေဖို့ အမာခံ သတင်းပေးခေါ်ယူခြင်း အစီအစဉ်ကို ရှင်းလင်းဖော်ပြထားတဲ့ စာကို ကြဲချခဲ့တာပါ။

အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်တဲ့ အရာရှိ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်‌တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အမာခံသတင်းပေးပို့သူ ဖရဲသီး တွေအဖြစ် ပါဝင်ကူညီနိုင်ဖို့ ဖိတ်ခေါ်ပါတယ်လို့လည်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စာမှာ ပါရှိပါတယ်။

ဖရဲသီး အဖြစ် ပြုလုပ်မယ်ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်ပြီး အချက်အလက်တွေ ဖြည့်သွင်းတာကို ဦးစွာ လုပ်ဆောင်ရမှာဖြစ်ပြီး အချက်အလက် လုံခြုံမှုအတွက် အပြည့်အဝ အာမခံ တာဝန်ယူတယ်လို့ ဒီဇင်ဘာ ၁၂ ရက်က အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာပေးခဲ့တဲ့ အမာခံ သတင်းပေးခေါ်ယူခြင်း အစီအစဉ်ကို အသေးစိတ်ဖော်ပြထားပါတယ်။

ပြည်သူ့ အမာခံသတင်းပေးပို့သူ ဖရဲသီးပြုလုပ်သူတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်ရိုက်ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ လုံခြုံစွာ ပေးပို့နိုင်မယ့်အပြင် သတင်းအချက်အလက် အဆင့်အတန်းပေါ် မူတည်ပြီး ပြန်လည်ချီးမြှင့်တဲ့ ဆုတော်ငွေတွေလည်း ရရှိခံစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အကာအကွယ်ပေးမှု အာမခံချက်ကို တော်လှန်ရေးကာလ အတွင်းမှာရော တော်လှန်ရေး အလွန်ကာလမှာပါ ပြည့်ဝစွာ ခံစားရမှာဖြစ်တဲ့အပြင် သတင်းပေးပို့သူတွေဟာ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်ရဲ့ အကျိုးခံစားခွင့်တွေကိုလည်း ရရှိမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူနဲ့ တသားတည်း ရပ်တည်တာကို စစ်ကောင်စီယန္တရားတွင်းမှနေပြီး လုံခြုံစွာ လုပ်ဆောင်နိုင်မယ့်အပြင် ချီးမြှင့်ငွေ၊ ခံစားခွင့် တွေနဲ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကာအကွယ်ပေးမှု အာမခံချက်ကိုလည်း ရရှိမှာ ဖြစ်တာကြောင့် အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီ ယန္တရားတွင်းရှိ အရာတော်မြို့နယ်မှ အရာရှိ စစ်သည်‌တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်း‌တွေကို တိုက်တွန်း ဖိတ်ခေါ်လိုက်ပါတယ်လို့လည်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြဲချတဲ့စာမှာ ပါရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။