မြန်မာ့နွေဦး

အရာတော်မြို့က သားဖွားဆရာမ နေအိမ်မှာ ပစ်သတ်ခံရ

မဲခေါင် 18 Mar - 2023
မဲခေါင်၊ မတ် ၁၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့ နေအိမ်အတွင်း ဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာ ဒီကနေ့ မနက်ပိုင်းက သားဖွားဆရာမ တစ်ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့ နေအိမ်အတွင်း ဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာ ဒီကနေ့ မနက်ပိုင်းက သားဖွားဆရာမ တစ်ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က အရာတော်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ် ဆေးခန်းသို့ ဆေးခန်းပြဖို့ ဆိုပြီး ရောက်လာတဲ့ အမျိုးသားနဲ့ အမျိုးသမီးက ရင်ဘတ်နဲ့ ဦိးခါင်းကို ပစ်ခဲ့လို့ နေရာမှာ သေဆုံးသွားတယ်လို့ သူကပြောပါတယ်။

“ မြို့ပေါ်မှာ တာဝန်ကျလို့ အလုပ်လုပ်နေတာ။ အိမ်မှာလည်း ဆေးခန်းလေး ဖွင့်ပြီး ကုတယ်။ သူ့အမျိုးသားက ဓာတ်ပုံရိုက်တယ်။ သားလေး တစ်ယောက် ကျန်ခဲ့တယ်၊ ၁၀ နှစ်လောက်ရှိတယ်။ သူ့ကို ပစ်တဲ့အချိန်မှာ အိမ်မှာ မိသားစုတွေ အကုန်ရှိတယ်။ ကျန်တဲ့သူတွေကို ဘာမှ လုပ်မသွားဘူး။ လာသတ်တဲ့ သူတွေကိုတောင် ဆေးတကယ် လာကုတယ်ထင်လို့ လက်ဖက်ရည်နဲ့မုန့် ချကျွေးလိုက်သေးတယ်” လို့ သူကပြောပါတယ်။

သေဆုံးသူ သားဖွား ဆရာမမှာ အသက် ၄၃ နှစ်အရွယ် ဒေါ်အေးအေးမော် ဖြစ်ပြီး သူမနေအိမ်နဲ့ စစ်တပ်ဂိတ် ပေ ၁၀၀ ကျော်သာ ကွာဝေးပေမယ့် ပစ်ခတ်ခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးကို ဖမ်းဆီးနိုင်တာ မရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သားဖွားဆရာမကို ဘယ်သူတွေက ဘာကြောင့် ပစ်သတ်ခဲ့တယ် ဆိုတာကို မသိရသေးဘဲ မဲခေါင်သတင်း အနေနဲ့ စုံစမ်း မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပစ်သတ်ခံရသူ သားဖွားဆရာမ ဒေါ်အေးအေးမော် ဟာ အရာတော် ပြည်သူ့ဆေးရုံမှာ တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး အဆိုပါ အမှတ် (၁) ရပ်ကွက်မှာ သေနတ်နဲ့ ပစ်သတ်ခံရသူ ၄ ဦးထက်မနည်း သေဆုံးခဲ့ဘူးတယ်လို့ ဒေသခံက ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။