မြန်မာ့နွေဦး

အရပ်သားအစိုးရက ဆီဆိုင်ဖွင့်ဖို့ ချပေးထားတဲ့ မြေကွက်တွေ စစ်ကောင်စီ ပြန်သိမ်း

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၀ အရပ်သားအစိုးရခေတ်က စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရန် နှစ် ၆၀ ဂရံ အဌားမြေကွက်များ ခွင့်ပြုပေးခဲ့တဲ့ ဆီဆိုင်မြေကွက်တွေကို စစ်ကောင်စီက ပယ်ဖျက်ပြီး ပြန်လည်သိမ်းယူလိုက်တယ်လို့ ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၀

အရပ်သားအစိုးရခေတ်က စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရန် နှစ် ၆၀ ဂရံ အဌားမြေကွက်များ ခွင့်ပြုပေးခဲ့တဲ့ ဆီဆိုင်မြေကွက်တွေကို စစ်ကောင်စီက ပယ်ဖျက်ပြီး ပြန်လည်သိမ်းယူလိုက်တယ်လို့ ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေ ဖွင့်လှစ်ရောင်းချဖို့အတွက် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ ဒလမြို့နယ်တွေမှာရှိတဲ့ နှစ် ၆၀ မြေဌားစာချုပ်ဂရံရှိထားတဲ့ မြေနေရာတွေကို လုပ်ထုံးလုပ်နည်းဥပဒေနဲ့အညီ ပယ်ဖျက်ပြီးဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ခဲ့တာပါ။

Golden Star ကုမ္ပဏီ၊ Yangon Petrol ကုမ္ပဏီတွေကို ဆီဆိုင်ဖွင့်ဖို့ ချထားပေးတဲ့ မြေကွက်တွေ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားတယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းသိန်းက ဒီမြေကွက်တွေကို ချထားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Yangon Petrol ကုမ္ပဏီဆီက စစ်ကောင်စီ ပြန်လည်သိမ်းယူလိုက်တဲ့ မြေကွက်တွေဟာ မရမ်းကုန်းမြို့နယ်အတွင်းက ၃ ဒဿမ ၇ ဧကရှိတဲ့မြေကွက်၊ သင်္ကန်းကျွန်းမြို့နယ်က ၀ ဒဿမ ၆၉၉ ဧကရှိတဲ့မြေကွက်၊ တောင်ဒဂုံမြို့နယ်က ၆၈ ဧကကျော်ရှိတဲ့ မြေကွက် ၃ ကွက်နဲ့၊ ဒလမြို့နယ်ရှိ မြေတစ်ဧကခွဲတို့ ဖြစ်ပါတယ်။

Yangon Petrol ကုမ္ပဏီက အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံပိုင်မြေ ၂၆ ကွက်ကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နှုန်းနဲ့ အမည်ပေါက်ဝယ်ယူခွင့်ရပြီး ဂရံအမည်ပေါက် ရရှိခဲ့တယ်လို့လည်း လူထုနွေဦးသတင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။

MK-006

#MeKongNews #အရပ်သားအစိုးရ #YP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။