မြန်မာ့နွေဦး

အ​မြတ်ခွန် ခန့်မှန်းဆောင် ခိုင်းတာကြောင့် CMP လုပ်ငန်းတွေနဲ့ စက်မှုထုတ်ကုန်ဆိုင်ရာ လုပ်ငန်းတွေ ဘဏ်စာရင်း မဖွင့်လှစ်တာလို့ လုပ်ငန်းရှင်တွေဆို

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ အထည်ချုပ်လုပ်ငန်းနဲ့ စက်မှုထုတ်ကုန်ဆိုင်ရာ လုပ်ငန်းတွေ ဘဏ်စာရင်းမဖွင့်ဘဲ လည်ပတ်ရတာက အမြတ်ခွန်ဆောင်တဲ့အခါ အခွန်ကိုခန့်မှန်းဆောင်ခိုင်းတာကြောင့် ကိုယ်ပိုင်အကောင့်အသုံးပြုရတာလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

အထည်ချုပ်လုပ်ငန်းနဲ့ စက်မှုထုတ်ကုန်ဆိုင်ရာ လုပ်ငန်းတွေ ဘဏ်စာရင်းမဖွင့်ဘဲ လည်ပတ်ရတာက အမြတ်ခွန်ဆောင်တဲ့အခါ အခွန်ကိုခန့်မှန်းဆောင်ခိုင်းတာကြောင့် ကိုယ်ပိုင်အကောင့်အသုံးပြုရတာလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းနဲ့ စက်မှုထုတ်ကုန်ဆိုင်ရာ လုပ်ငန်းတွေ ဘဏ်စာရင်းမဖွင့်ဘဲ ကိုယ်ပိုင်အကောင့်တွေနဲ့ သာလည်ပတ်နေတာကြောင့် ဘဏ်စာရင်းမဖွင့်ထားတဲ့ စက်ရုံတွေနဲ့၊ ဘဏ်စာရင်းဖွင့်ပြီး နိုင်ငံခြားငွေမရောက်တဲ့ စက်ရုံတွေကို အရေးယူခံရမယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရေးဝန်ကြီးဌာနက ဖိအားပေးထားပါတယ်။

“ စီးပွားရေး အခြေနေ​က တော်တော်ကျဆင်းနေတာ၊ နှစ်ကုန်လို့ စာရင်းအနှစ်ချုပ် သွားတင်ရင် စာရင်းအတိုင်း ခန့်မှန်းချေနဲ့ အခွန်ဆောင်ခိုင်းတာ၊ လုပ်ငန်းအရှုံးအမြတ်ကိုမကြည့်ဘူး၊တကယ်မြတ်လို့ အမြတ်ခွန်ဆောင်ရတဲ့ ပုံစံမဟုတ်တော့ဘူး၊ အလုပ်လုပ်ရင် အမြတ်ခွန်ဆောင်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ လုပ်ငန်းရှင်တွေက ကိုယ်ပိုင်အကောင့်တွေ သုံးလာကြတာ။ ဒါကအစိုးရပိုင်းရဲ့လိုအပ်ချက်တွေပေါ့။ လုပ်ငန်းရှင်တွေကလည်း မှန်ကန်စေချင်ရင် သူတို့ ဘက်ကလည်းတိကျသေချာဖို့ လိုတယ်လို့” အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ CMP ချုပ်ပြီး အထည်တင်ပို့ နေတဲ့ အထည်ချုပ်လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံပေါင်း ၇၃၈ ရုံ လောက်ရှိရာက ငွေစာရင်းဖွင့်လှစ်ထားတဲ့ နိုင်ငံခြားငွေ ဝင်ရောက်တဲ့ စက်ရုံ ၃၆၂ ရုံ နဲ့ နိုင်ငံခြားငွေဝင်ရောက်တာမရှိတဲ့ စက်ရုံ ၂၈၄ ရုံ ရှိပြီး ငွေစာရင်း ဖွင့်လှစ်ထားတာ မရှိတဲ့ စက်ရုံတွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

“ CMP လုပ်ငန်းတွေမှာ ပြည်ပ က အမှာစာ တွေ ကျဆင်းလာတယ်။ ကုန်ကြမ်းတင်သွင်းရာမှာလည်း စစ်ကောင်စီရဲ့ မူဝါဒအပြောင်းအလဲတွေကြောင့်အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ပြည်ပတင်ပို့မှု အပိုင်း မှာလည်း လုပ်ငန်းရှင်တွေရဲ့ ပို့ကုန် ရငွေ ၆၅ ရာခိုင်နှုန်း ကို သတ်မှတ် နှုန်းထားနဲ့ ဖြတ်ယူနေတဲ့ အတွက် ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဒါ့ပြင် လျှပ်စစ်မီးရရှိချိန် နည်းပါးတာ၊ အထွေထွေ ကုန်ကျစရိတ်တွေ တိုးမြင့်လာတာကြောင့် လုပ်ငန်းရပ်ဆိုင်းရတာတွေရှိသလို အလုပ်လက်မဲ့ လူဦးရေ တိုးလာပြီး အဆင်မပြေမူတွေနဲ့​ကြုံတွေ့ နေရတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဝင် CMP ချုပ်ပြီး အထည်တင်ပို့နေတဲ့ စက်ရုံ ၃၅၀ ကျော်လောက်ရှိရာမှာ ၂၀၀ ကျော်လောက်ပဲ လုပ်ငန်းလည်ပတ်နိုင်တယ်လို့ အသင်းက ထုတ်ပြန်ထားပါတယ်။

၂၀၂၂-၂၃ ခုနှစ် ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ပကို CMP လက်ခစား ချုပ်ပြီး အထည်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကျော် ရရှိထားတယ်လို့လည်း သိရပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်