မြန်မာ့နွေဦး

အမျိုးသားရေး မျှော်မှန်းချက်နဲ့ စည်းလုံးညီညွတ်စွာ ချီတက်တိုက်ပွဲဝင်ကြဖို့ KNU ဥက္ကဋ္ဌတိုက်တွန်း

မဲခေါင် 10 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး အမျိုးသားရေး မျှော်မှန်းချက်နဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင် ရောက်ရှိရေး အတွက် စည်းလုံးညီညွတ်စွာ ချီတက် တိုက်ပွဲဝင်သွားကြဖို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က တိုက်တွန်းလိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး အမျိုးသားရေး မျှော်မှန်းချက်နဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင် ရောက်ရှိရေး အတွက် စည်းလုံးညီညွတ်စွာ ချီတက် တိုက်ပွဲဝင်သွားကြဖို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က တိုက်တွန်းလိုက်ပါတယ်။

မနက်ဖြန် ကျရောက်မယ့် (၇၅) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ KNU ဥက္ကဋ္ဌ ပြောကြားတဲ့ မိန့်ခွန်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ အခုလို တိုက်တွန်းလိုက်တာပါ။

ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု အသိပညာ၊ အတတ်ပညာနဲ့ စီးပွါးရေးဆိုင်ရာ လုံခြုံမှုတွေ ကင်းမဲ့နေတာဟာ လူမျိုးတမျိုး အဖြစ် ဂုဏ်သိက္ခာရှိရှိ ဖွံ့ဖြိုးတိုးတက်လာဖို့ လုံးဝမဖြစ်နိုင်တာကို ပြန်လည် အောက်မေ့ သတိရှိဖို့လည်း လိုအပ်တယ်လို့ သူကဆိုပါတယ်။

ဒါကြောင့် ကရင့် အမျိုးသားနေ့-Karen National Day ကို ဂုဏ်ပြုကျင်းပတဲ့ အချိန်တိုင်း မိမိတို့ ကရင့်အမျိုးသားတွေရဲ့ သမိုင်းကြောင်း၊ ဘဝအတွေ့အကြုံနဲ့ ကရင့်အမျိုးသား ခေါင်းဆောင်ကြီးတွေနဲ့ ကရင့်အမျိုးသားတွေရဲ့ အရင်က ကြိုးပမ်းအားထုတ်မှုတွေကို ပြန်လည် သတိရအောက်မေ့ပြီး ဂုဏ်ပြုကြဖို့ အရေးကြီးတယ်လို့လည်း သူကပြောပါတယ်။

ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှု‌တွေကို ပြန်လည် သတိရအောက်မေ့ ဂုဏ်ပြုရုံနဲ့ မပြီးဘဲ သူတို့ ချမှတ်ခဲ့တဲ့ အမျိုးသားရေး ဆိုင်ရာ မျှော်မှန်းချက်နဲ့ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်တို့ ပြည့်မီရရှိရေးအတွက် ကရင်အမျိုးသားတွေ အားလုံး ကျရာကကဏ္ဍမှာ ပူးပေါင်းပါဝင် လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ KNU ဥက္ကဌ က ပြောပါတယ်။

မိမိတို့ ကရင့်အမျိုးသားရဲ့ အရေးကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းအားထုတ်ကြရမှာကို အထူးသတိရှိကြပြီး အမျိုးသားရေး သမိုင်းတွေကိုလည်း ကရင်အမျိုးသားရေး တာဝန်ကို ဆက်လက် ပခုံးပြောင်းတာဝန်ယူမယ့် မျိုးဆက်သစ် ကရင်လူငယ်တွေ သိရှိနားလည်နိုင်ရေး အတွက် အားသွန်ခွန်စိုက် ပိုမို ရေးသား ဖေါ်ထုတ်ကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကရင်အမျိုးသား ခေါင်းဆောင်ကြီးတွေ ပေးဆပ်ခဲ့ကြတဲ့ သမိုင်း၊ သွေး၊ ချွေး အသက်ဝိဉာဉ်တို့အပြင် အရင်က ကရင့်အမျိုးသား ခေါင်းဆောင်ကြီးတွေနဲ့ ကရင့်အမျိုးသားတွေရဲ့ စည်းလုံးညီညွတ်တဲ့အမြင်နဲ့ စည်းလုံး ညီညွတ်မှု အားနဲ့ ကြိုးပမ်းမှု‌တွေအတိုင်း ကြိုးပမ်းအားထုတ်ကြဖို့လည်း KNU ဥက္ကဋ္ဌ က တိုက်တွန်းပါတယ်။

လုံခြုံမှုရှိပြီး တည်ငြိမ်အေးချမ်းတဲ့ ကရင်အမျိုးသား တို့ရဲ့ အနာဂတ်ဘ၀ သာယာလှပရေး အတွက် ကရင်အမျိုးသား အချင်းချင်းကြား၊ ကရင်အမျိုးသား အဖွဲ့အစည်း အချင်းချင်းကြား မှန်ကန်တဲ့ မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး အမျိုးသားရေး မျှော်မှန်းချက်နဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိရေး အတွက် နားလည်မှုရှိရှိ အပြန်အလှန် ဖေးမကူညီမှုတွေနဲ့ စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ချီတက် တိုက်ပွဲဝင်သွားကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။

MK-003

#MeKongNews

#KNU #ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး #ကရင်အမျိုးသားနေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။