မြန်မာ့နွေဦး

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ ၄ ရပ်ချမှတ်

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု-CDM နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ မူဝါဒ စာတမ်းကို JCC-CDM က ရေးသားပြုစုခဲ့ရာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ-NUCC က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု-CDM နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ မူဝါဒ စာတမ်းကို JCC-CDM က ရေးသားပြုစုခဲ့ရာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ-NUCC က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

JCC-CDM မှာ အတည်ပြုပြီး ပေးပို့တင်ပြတဲ့ CDM နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ မူဝါဒ စာတမ်းကို အခြေပြုပြီး အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီက မူဝါဒ ၄ ရပ် ချမှတ်ထားပါတယ်။

နိုင်ငံ့ဝန်ထမ်း CDM တွေဟာ တိုင်းပြည် ပြောင်းလဲရေး အတွက် တော်လှန်ရေးရဲ့ အရေးပါတဲ့ အင်အားစု တစ်ရပ် ဖြစ်တာကို NUCC အနေနဲ့ မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။

CDM နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု ပြန်လည် ရှာဖွေ ဖော်ထုတ်ရာမှာ အသိအမှတ်ပြု မှတ်တမ်းတင်တာ၊ ဂုဏ်ပြုချီးမြှင့်တာ၊ အမှန်တရားနဲ့ တရားမျှတမှု ရှာဖွေတာ၊ နစ်နာမှု တွေကို ပြန်လည်ကုစား ပေးတာတွေ ပါဝင်ပါတယ်။

ဒီနိုင်ငံ့ဝန်ထမ်း CDM မူဝါဒကို အခြေပြုပြီး လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆက်လက် ရေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံ့ဝန်ထမ်း CDM တွေ အပါအဝင် ပြည်သူလူထု တရပ်လုံး အပေါ် အာဏာရှင် ထောက်တိုင်တွေ ဖြစ်ကြတဲ့ Non-CDM တွေက လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို ကျူးလွန် နေတာကို သက်သေ အထောက်အထားတွေ တွေ့ရှိပါက သက်ဆိုင်ရာ ဒေသ အသီးသီးမှ တရားဝင် အတည်ပြုထားတဲ့ ဒေသ ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီက JCC-CDM က ရေးသား ပြုစုထားတဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ စာတမ်း အပြည့်အစုံကို အများပြည်သူ လေ့လာနိုင်ဖို့ ဒီကနေ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့