မြန်မာ့နွေဦး

အထိနာတဲ့ စစ်ကောင်စီတပ် တိုက်ပွဲနဲ့မဆိုင်တဲ့ ကျေးရွာတွေကို မီးရှို့နေတယ်လို့ KNDF စစ်ရေးချုပ်ပြော

မဲခေါင် 29 Aug - 2023
ကရင်နီပြည်နယ် အတွင်း တိုက်ပွဲမှာ ကျရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့ မဆိုင်တဲ့ ကျေးရွာတွေကို မီးရှို့နေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၉

ကရင်နီပြည်နယ် အတွင်း တိုက်ပွဲမှာ ကျရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့ မဆိုင်တဲ့ ကျေးရွာတွေကို မီးရှို့နေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲမဖြစ်တဲ့ အချိန်မှာပါ တိုက်ပွဲနဲ့မဆိုင်တဲ့ နေရာတွေ၊ ရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ သူကပြောပါတယ်။

“သူတို့တွေက ကြွက်မနိုင် စပါးကျီမီးရှို့ ဆိုသလိုပေါ့။ အထိအနာများတဲ့ အချိန်၊ အကျအဆုံး များတဲ့ အချိန်မှာ ကျတော့ ရွာတွေကို မီးရှို့လေ့ရှိတယ်။ ဒါက တစ်ဖက်ကနေ ကြည့်လို့ရှိရင်တော့ သူတို့(စကစ) ဘက်ကနေ ကြည့်လို့ရှိရင် စိတ်ဓာတ်စစ်ဆင်ရေးလို့ သူတို့လုပ်တာပေါ့။ သူများအိမ်တွေကို ဖောက်ထွင်းတာရှိတယ်။ ပြီးတော့မှ ပစ္စည်းဥစ္စာတွေကို သူတို့တွေက အကုန်လုံး မသွားတာပေါ့” လို့ KNDF စစ်ရေးချုပ်က ပြောပါတယ်။

အဲ့ဒီ အခြေအနေမှာ တော်လှန်ရေးတပ် အနေနဲ့ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်တာရှိသလို စစ်ကောင်စီ စစ်ကြောင်းနဲ့ ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

“မတ်လတုန်းက ဒီဘောလခဲ ကနေ စစ်ကြောင်းထိုးလာတဲ့ ခလရ (၁၂) ရယ်၊ ခမရ (၅၁၅) ရယ်၊ (၅၁၆) ရယ် ကျွန်တော်တို့ ၃ ရက် ဆက်တိုက် တိုက်ပွဲကြီး ဖြစ်ပြီးတဲ့နောက်မှာ သူတို့တွေက သေကြေများတယ်။ သူတို့ လက်နက်ကို ရပြီးတော့ ဆုတ်တော့ စစ်ကောင်စီတပ်သားတွေက ဒေါတမကြီးရွာကို မီးလာရှို့တာ ဖြစ်တယ်ပေါ့။ တိုက်ပွဲဖြစ်ပြီး ကျွန်တော်တို့ ပြန်ဆုတ်ပြီး ညအချိန်နဲ့ တမနက်မှာ သူတို့လာရှို့တာ ဖြစ်တယ်။ ရွာထဲမှာ အိမ်မီးပြာကျတာ ၃ နေရာရှိတာပေါ့” လို့ ခူးရီးဒူ ကပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့မှုကို ခံရတဲ့အတွက် ရိက္ခာ ပြတ်တောက်လာချိန် ကျေးရွာတွေကို စစ်ကြောင်းထိုး ရိက္ခာရှာတာ၊ ရွာတွေကို မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“ပထအချက်က သူတို့ ရိက္ခာမရှိတော့ဘူးပေါ့။ အဲ့ဒါ သူတို့လိုတဲ့ဟာ ရွာသားတွေဆီက ရမလားဆို ပြီးတော့ စစ်ကြောင်းထိုးပြီး ရှင်းတာပေါ့။ ကျွန်တော်တော့ အဲ့လိုမြင်တယ်” ခူးရီးဒူ ကပြောပါတယ်။

ကရင်နီပြည်နယ်မှာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေပြီး တစ်ချို့ တိုက်ပွဲတွေက ၃ ရက်ဆက်တိုက် မရပ်မနား တိုက်ခဲ့ရတယ်လို့ သူကရှင်းပြပါတယ်။

“လက်ရှိမှာ ကျွန်တော်တို့ သူတိုနဲ့ ယှဉ်ပြိုင်ပြီး တိုက်နေတဲ့ ပွဲမှာ ခမရ (၅၁၅) တော့ ဖွဲ့စည်းပုံ ပျက်သွားပြီပေါ့လေ။ သူတို့က သေကြေအများဆုံးတပ် ဖြစ်တယ်။ ပြီးတော့ ခလရ (၁၂) သော်လည်းကောင်း ခမရ (၁၆) သော်လည်းကောင်း သူတို့လည်း သေကြေ ပျက်စီးမှုတွေရှိတယ်”လို့ ခူးရီးဒူ ကပြောပါတယ်။

အခုလို စစ်ကောင်စီကို အပြင်းအထန် ခုခံတိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေ အနေနဲ့ လက်နက်ခဲယမ်း မပြည့်စုံမှုနဲ့ ဘတ်ဂျက် မပြည့်စုံမှုက အဓိက အခက်အခဲ ဖြစ်တယ်လို့လည်း KNDF စစ်ရေးချုပ် ကပြောပါတယ်။

လက်ရှိမှာ KNDF စစ်ရေးချုပ်နဲ့ ဗျူဟာ (၆) ဗျူဟာမှူး ခူးရီးဒူ တို့ ဦးဆောင်ပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဖြည့်ဆည်းဖို့ “ကရင်နီပြည်ရောက် မအလ ‘တပ်မ’ ပျောက်” ဆိုတဲ့ ကမ်ပိန်း ပြုလုပ်နေပါတယ်။

“ကရင်နီပြည်ရောက် မအလ ‘တပ်မ’ ပျောက်” ကမ်ပိန်းကို ဩဂုတ်လ ၂၃ ရက်မှ စက်တင်ဘာ ၂၃ ရက်နေ့အထိ ပြုလုပ်နေပြီး ကမ်ပိန်းကာလ အတွင်း လိုအပ်တဲ့ ကျည်ဆံ ဖြည့်တင်းဖို့ ကျပ်သိန်းတစ်သောင်း ရှာဖွေမှာ ဖြစ်တာကြောင့် “ကရင်နီပြည်ရောက် မအလ ‘တပ်မ’ ပျောက်” လူမှုကွန်ရက် စာမျက်နဲ့ သက်ဆိုင်ရာ ရံပုံငွေ ရှာဖွေရေးအဖွဲ့ကို ဆက်သွယ်ပြီး ကူညီဖို့ တိုက်တွန်းထားပါတယ်။

CJ-002

#MeKongNews

#KNDF

#စစ်ရေးချုပ်_ခူးရီးဒူ

#ခလရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now