မြန်မာ့နွေဦး

အထက်တန်းအောင် မြန်မာကျောင်းသားတွေ ချင်းမိုင်တက္ကသိုလ်ရဲ့ ရာနှုန်းပြည့် ပညာသင်ဆု လျှောက်ထားနိုင်

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ အထက်တန်း အောင်မြင်ပြီးတဲ့ မြန်မာ ကျောင်းသားတွေအနေနဲ့ ချင်းမိုင်တက္ကသိုလ်က ပေးအပ်တဲ့ ရာနှုန်းပြည့် ပညာသင်ဆု အတွက် လျှောက်ထားနိုင်တယ်လို့ Humanities Chiangmai University က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

အထက်တန်း အောင်မြင်ပြီးတဲ့ မြန်မာ ကျောင်းသားတွေအနေနဲ့ ချင်းမိုင်တက္ကသိုလ်က ပေးအပ်တဲ့ ရာနှုန်းပြည့် ပညာသင်ဆု အတွက် လျှောက်ထားနိုင်တယ်လို့ Humanities Chiangmai University က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အဆင့် (၃) နေရာမှာရှိတဲ့ ချင်းမိုင်တက္ကသိုလ်ဟာ ၂၀၂၃ ခုနစ် ပညာသင်ဆုကို ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံ Undergraduate ကျောင်းသားတွေကို Thai as a Foreign Language-TFL ပရိုဂရမ်ကနေ Full Scholarship ပေးအပ်မှာ ဖြစ်ပါတယ်။

ဒီ Scholarship Award မှာ စာသင်နှစ် ၄ နှစ်စာ အတွက် Tuition Fees 440,000 THB နဲ့ Travel allowance တို့ကို ပေးအပ်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပညာသင်ယူလိုပေမယ့် ငွေကြေး အခက်အခဲရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ အထက်တန်းအောင် လက်မှတ် (သို့) ထိုင်းနိုင်ငံ အသိအမှတ်ပြု GED (GPA-minimum 3.0) အောင်လက်မှတ်ရှိရမှာ ဖြစ်ပါတယ်။

ဘာသာစကား အရည်အချင်းနဲ့ စာရွက်စာတမ်း လိုအပ်ချက်တွေ ကတော့ IELTS Minimum Band Score 5.5 ၊ TOEFL Minimum Score of 470 PBT or 150 CBT or 52 Ibt ၊ ထောက်ခံသူ ၂ ယောက် Two Letters of Recommendation ၊ ထိုင်းဘာသာနဲ့ ရေးထားတဲ့ ကျောင်းလျှောက်ထားရတဲ့ ရည်ရွယ်ချက် စာတစ်စောင် A Statement of purpose written in Thai တို့ လိုအပ်တယ်လို့ သိရပါတယ်။

ဒီပရိုဂရမ်က ထိုင်းဘာသာစကားနဲ့ သင်ကြားရမှာဖြစ်ပြီး ပညာတော်သင်ဆု ရရှိပါက ထိုင်းဘာသာ စကားသင် ယူဖို့ သင်တန်း စီစဉ်ပေးတယ်လို့ သိရပါတယ်။

ချင်းမိုင်တက္ကသိုလ် အနေနဲ့ နှစ်စဉ် ကျောင်းသား ၂၀၀ ခန့်ကို Master နဲ့ Doctoral Degree တွေအတွက် Scholarships တွေပေးနေပြီးတော့ Undergraduate Program ကတော့ နည်းပါးတယ်လို့ သိရပါတယ်။

ဒီပညာသင်ဆုကို ဖဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပြီး အသေးစိတ် သိလိုပါက [email protected] သို့ အီးမေးလ်ပို့ပြီး စုံစမ်း နိုင်သလို http://form.jotform.com/223311436399457 ကနေလည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့