မြန်မာ့နွေဦး

အတက်ရောဂါရှိတဲ့ ချိုးဖြူတပ်ဖွဲ့က ရဲဘော်တစ်ဦး ဆိုင်ကယ်ပေါ်ကပြုတ်ကျတဲ့ဒဏ်ရာနဲ့ ကွယ်လွန်

မဲခေါင် 26 Feb - 2023
ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.U ရဲ့ ချိုးဖြူ‌တပ်ဖွဲ့ - J.P.G.F (တပ်ခွဲ-၃)က ရဲဘော်လုရီ အသက်(၃၀)နှစ်ဟာ ဆိုင်ကယ်ပေါ်ကပြုတ်ကျတဲ့ဒဏ်ရာနဲ့ ဖေဖော်ဝါရီ ၂၅ရက် မနေ့ကကွယ်လွန်သွားတယ်လို့ ချိုးဖြူတပ်ဖွဲ့ထံကနေသိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု – S.S.L.R.U ရဲ့ ချိုးဖြူ‌တပ်ဖွဲ့ – J.P.G.F (တပ်ခွဲ-၃)က ရဲဘော်လုရီ အသက်(၃၀)နှစ်ဟာ ဆိုင်ကယ်ပေါ်ကပြုတ်ကျတဲ့ဒဏ်ရာနဲ့ ဖေဖော်ဝါရီ ၂၅ရက် မနေ့ကကွယ်လွန်သွားတယ်လို့ ချိုးဖြူတပ်ဖွဲ့ထံကနေသိရပါတယ်။

ကွယ်လွန်သွားတဲ့ရဲဘော်ဟာ အတက်ရောဂါရှိသူဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ရက်ခန့်က ဆိုင်ကယ်စီးရင်း တက်ပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျတာကြောင့် ဦးခေါင်းဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ချိုးဖြူတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ဆိုင်ကယ်ပေါ်က ပြုတ်ကျတော့ဦးခေါင်းဒဏ်ရာရတယ်။ အဲဒီဒဏ်ရာကို ဆေးပေးခန်းမှာကုပြီးပြန်ဆင်းလာ တော့လည်း သိပ်ပြီးမသက်သာဘူး။ အဲဒါနဲ့ နောက်တစ်ရက်၊ ၂ရက်နေတော့ ဆေးပေးခန်းကို ပြန်တက်ရတယ်။ အဲဒါနဲ့ပဲ မနေ့(ဖေဖော်ဝါရီ ၂၅) မနက်ပိုင်းမှာ ဆုံးသွားတာပါ” လို့ သူကပြောပါတယ်။

ကွယ်လွန်သွားတဲ့ ရဲဘော်ရဲ့ ဈာပနာကို ဖေဖော်ဝါရီ ၂၆ရက် ဒီနေ့မှာ ကျင်းပပြုလုပ်တယ်လို့ SSLRU က ထုတ်ပြန်ထားပါတယ်။

“ကျွန်ုပ်တို့ ရှမ်းပြည်(တောင်ပိုင်း)‌ ဒေသခံတော်လှန်ရေးတပ်ပေါင်းစု – S.S.L.R.U မှ ရဲဘော်လုရီအား နွေဦးတော်လှန်ရေး ၏ အာဇာနည်သူရဲကောင်း အဖြစ် အစဉ်ထာဝရ  အသိမှတ်ပြု မှတ်ကျောက်တင် ဂုဏ်ပြုရင်း ရဲဘော် နှင့် တိုင်းရင်းသားပြည်သူလူထုတို့ လိုလားတောင်းတနေသော စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု မရမချင်း ဆက်လက်၍ တိုက်ပွဲဝင်တော်လှန် သွားမည်ဟု ကတိသစ္စာ အဓိဌာန် ပြုပါသည်” SSLRU ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK – 004

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။