ဒေသတွင်းသတင်း

အင်းလေး၊ နန်းပန်လမ်းဆုံမှာ လာသမျှကားတွေဆီကနေ PNO နဲ့ ပျူစောထီးတွေ ငွေတောင်းနေ

မဲခေါင် 7 May - 2023
မဲခေါင် ၊ မေ ၇ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် နန်းပန်လမ်းခွဲမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ အင်းလေးပျူစောထီးအဖွဲ့က ဂိတ်ဖွင့်ပြီး ကားသမားတွေဆီက မတရားငွေတောင်းစားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မဲခေါင် ၊ မေ ၇

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် နန်းပန်လမ်းခွဲမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ အင်းလေးပျူစောထီးအဖွဲ့က ဂိတ်ဖွင့်ပြီး ကားသမားတွေဆီက မတရားငွေတောင်းစားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

PNO ပြည်သူ့စစ်နဲ့ အင်းလေးပျူစောထီးတွေဟာ အင်းလေးအရှေ့ဘက်ကမ်း၊ ကန်ပတ်လမ်းနဲ့ နန်းပန်ဆေးရုံ လမ်းလေးခွဆုံတဲ့ နေရာမှာဂိတ်ဆောက်ပြီး တောင်းစားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

“ဒီဇယ်တို့ ဆန်အိတ်တို့ သယ်တဲ့ကားတွေဆို သူတို့က ပိုတောင်းစားတယ်။ ဒီဇယ်တစ်ပီပါကို တစ်သောင်းတောင်းတယ်။ ဆန်က တစ်အိတ်တစ်ထောင်ကျပ်တောင်းတာလည်းရှိတယ်။ တစ်ခါတစ်လေ ဆန်အိတ်ရေနဲ့မဟုတ်ပဲ တစ်သောင်းခွဲ၊ နှစ်သောင်း အဲ့လိုတောင်းတာလည်းရှိတယ်။ တောင်းချင်သလို တောင်းနေတာပေါ့ဗျာ။ နန်းပန်ဈေးနေ့တုန်းက ကျွန်တော်ကားက ကုန်အစုံတင်တော့ နှစ်သောင်းပေးခဲ့ရတယ်” လို့ ကားသမားတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် ဘိလပ်မြေ၊ ထုံး ၊ အုတ် စတဲ့ အိမ်ဆောက်ပစ္စည်းတွေ စားဆီ၊ ငါးခြောက် စတဲ့ စားသောက်ကုန်ပစ္စည်းတွေကို သယ်ရင်လည်း အဲ့ဒီဂိတ်က တောင်းစားတယ်လို့လည်း သူကပြောပြပါတယ်။

“အဲ့ဒီနေရာက တောင်-မြောက်ဆို အင်းလေးကန်ပတ်လမ်း ၊ အရှေ့ဘက်က ကွန်လုံရွာဘက်ကိုသွားတဲ့လမ်း အနောက်ဘက်ဆင်းရင် နန်းပန်မြို့ ဆေးရုံ၊ ဈေးတွေကိုသွားတာဆိုတော့ လူစည်တယ်။ အသွားအလာများတယ်။ လမ်းလေးခွစုံတဲ့နေရာလည်းဖြစ်တော့ ပြည်သူ့စစ်တွေက ဂိတ်ဆောက်ပြီးလုပ်စားလို့ကောင်းတာပေါ့” လို့ အင်းလေးဒေသခံတစ်ဦးက ဆက်ပြောပြပါတယ်။

အဲ့ဒီဂိတ်မှာရှိတဲ့ ပြည်သူ့စစ်တွေဟာ ကုန်ပစ္စည်းသယ်လာတဲ့ ကားတွေကို ကုန်ပစ္စည်းသယ်ယူခွင့် ထောက်ခံချက်မပါလို့ ဒဏ်ငွေပေးရမယ်ဆိုပြီး ကားသမားတွေဆီက မတရားငွေတောင်းစားတာဖြစ်တယ်လို့ သူကပြောပါတယ်။

“သူတို့ပြောတာ ပစ္စည်းသယ်ယူဖို့ထောက်ခံချက်မပါလို့တဲ့။ ထောက်ခံချက်ယူရင် တစ်စောင် နှစ်သောင်းတဲ့။ ပိုက်ဆံအလကားလိုချင်လို့ လက်နက်အားကိုးနဲ့ သက်သက်တောင်းစားနေတာ။ ကျွန်တော်တို့က တရားမဝင်ပစ္စည်းသယ်တာလည်းမဟုတ်ဘူး။ ဈေးမှာရောင်းနေတဲ့ ပစ္စည်း၊ စားနေတဲ့ ဆန်ကိုသယ်တာလေနော်” လို့ ကိုယ်တိုင် နှစ်သောင်းပေးခဲ့ရတဲ့ အင်းလေးဒေသခံတစ်ဦး က ပြောပါတယ်။

အဲ့ဒီနန်းပန်ဂိတ်မှာ ကုန်ပစ္စည်းသယ်တဲ့ကားတွေကို PNO ပြည်သူ့စစ်နဲ့ အင်းလေးပျူစောထီးတွေက တောင်းစားနေတာဟာ ၂ လနီးပါးရှိလို့ သိရပါတယ်။ နန်းပန်မြို့ဟာ ညောင်ရွှေမြို့နယ်ထဲမှာ ပါဝင်ပြီး ညောင်ရွှေမြို့တောင်ဘက် ၁၆ မိုင်အကွာမှာ ရှိပါတယ်။

CJ – 002
#MeKongNews
#နန်းပန်လမ်းဆုံ
#PNOပျူစောထီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့