မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင် 24 May - 2023
မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၂၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ မနေ့ မေလ ၂၄ ရက်နေ့၊ ည ၈ နာရီခွဲက စစ်ကောင်စီ လက်အောက်ခံ ထွေအုပ် ရပ်ကျေးစာရေး ပျူစောထီးအဖွဲ့ဝင် ဦးချစ်ကိုနဲ့ ဖောင်တော်ဦးဘုရား ရဲကင်းက ရဲတပ်သား ၃ ဦး ဝင်ရောက် စစ်ဆေးခဲ့တာပါ။

အစစ်ခံရတဲ့ အိမ်တွေနဲ့ နီးစပ်သူ တစ်ဦးက “ တာဝန်အရလို့တော့ ပြောတာပဲ။ ဘာတာဝန်လဲ မေးတော့လည်း တိတိကျကျ မဖြေဘူး။ အဲဒီအိမ်ကလည်း သိတဲ့အတိုင်း ၆၀ ကျော် အမျိုးသမီး ၂ ယောက်နဲ့ ၈၀ ကျော် လူမမာပဲရှိတာ။ အရင်ကတည်းက အခုထိ နိုင်ငံရေးကို စိတ်မဝင်စားဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အစစ်ခံရတဲ့ နေအိမ် ၂ လုံးမှာ Non-CDM ကျောင်းဆရာမတွေ နေထိုင်ပြီး စစ်တပ် ထောက်ခံတဲ့အိမ် ဖြစ်တဲ့အပြင် တခြား စစ်ဆေးခံရတဲ့ အိမ်တစ်လုံးက ကုန်သည်အိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ရှောင်တခင် ဧည့်စာရင်း လာစစ်တာဟာ တစ်ရွာလုံး မီးပြတ်ပြီး မှောင်မဲနေချိန် အိမ် ၃ အိမ်က မီးလင်းနေတာကြောင့် ဖြစ်နိုင်တယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“ ၂ အိမ်က မီးစက်နှိုးထားတာ။ ကျန်တဲ့အိမ်က ဆိုလာ တပ်ထားတာဆိုတော့ လင်းထိန်နေတာ။ မီးမှောင်တဲ့အိမ် တစ်အိမ်မှ မစစ်ဘူး။ အရင်က နိုင်ငံရေးလုပ်တဲ့အိမ် ဘာညာဆိုရင် လက်ခံနိုင်ပါတယ်။ ခုဟာက ဘာမှမဆိုင်တဲ့ အပြင် တပ်ထောက်ခံသူ အိမ်တောင် ပါသေးတာ” လို့ သူကပြောပါတယ်။

ရှောင်တခင် ဧည့်စာရင်းစစ်ရာမှာ နန်းပန်မြို့ နယ်မြေ ရဲစခန်း မပါဝင်ဘဲ ဘုရား ရဲကင်းနဲ့ ပျူစောထီးတွေ ပါဝင်တာကြောင့် ခြိမ်းခြောက် ငွေညှစ်ဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေသခံ တစ်ဦးက သုံးသပ်ပါတယ်။

“ တခုခု ဖမ်းဆီးစစ်ဆေးရင် နန်းပန်ရဲ ပါရတယ်။ ဖောင်တော်ဦးက ရဲကင်းအဆင့်ဆိုတော့ ဘာမှလုပ်ခွင့် မရှိဘူး။ အခု သူတို့သဘောနဲ့ သူတို့ဆိုတော့ ငွေညှစ်တာလည်း ပါမှာပေါ့။ ဒီကောင်တွေက အငတ်တစ်လိုင်းတွေ။ ရဲတပ်သား မောင်ငယ်က ပိုဆိုးတယ်။ လောင်းကစားဝိုင်း ဒိုင်တွေကို ဈေးနေ့တိုင်း လိုက်ကောက်နေတာ” သူက ဆိုပါတယ်။

သာလေးကျေးရွာနဲ့ အိုးကုန်းကျေးရွာဟာ ဖောင်တော်ဦးဘုရား အနီး မြောက်ဘက်မှာ ရှိပြီး လူဦးရေ ၁,၀၀၀ နီးပါးခန့် နေထိုင်တယ်လို့ သိရပါတယ်။

CJ-007

#MeKongNews

#အင်းလေး

#ဧည့်စာရင်းစစ်

#ဖောင်တော်ဦးဘုရား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု