မြန်မာ့နွေဦး

အင်းလေးမှာဖြစ်ပွားခဲ့တဲ့ PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်တို့ တိုက်ပွဲအတွင်း မိုးဗြဲ PDF က ရဲဘော်မိုး ကျဆုံး

မဲခေါင် 22 Jan - 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဇန်နဝါရီလ ၃ရက်က ဖြစ်ပွားခဲ့တဲ့ PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်၊ ပျူစောထီး၊ PNOပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်း မိုးဗြဲPDFက ရဲဘော်မိုးကျဆုံးသွားတယ်လို့ MBPDF 2 က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဇန်နဝါရီလ ၃ရက်က ဖြစ်ပွားခဲ့တဲ့ PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်၊ ပျူစောထီး၊ PNOပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်း မိုးဗြဲPDFက ရဲဘော်မိုးကျဆုံးသွားတယ်လို့ MBPDF 2 က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အင်းလေးဒေသ၊ သန်းထောင်နဲ့ ဘုရားနီကျေးရွာအနီးမှာ USSFU တပ်ပေါင်းစုနဲ့ စစ်ကောင်စီ၊ အင်းပျူစောထီး၊ PNOပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၊ အင်းပျူစောထီး၊PNO ပူးပေါင်းအဖွဲ့က ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ လူအင်အား လက်နက်အင်အား မမျှတာကြောင့် စစ်ကူအဖြစ် လိုက်ပါလာတဲ့ တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ )ရဲဘော်တွေထဲက ရဲဘော်မိုး(ကိုယ်ပိုင်-အမှတ် P31007238) ဟာ စစ်အာဏာရှင်ကို တွန်းလှန်ရင်း တိုင်းပြည်နဲ့လူမျိုး အတွက် အသက်ပေးလှူသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ကျော်ကျဆုံးပြီး ၂၀ ကျော်ဒဏ်ရာရကာ PDF ဘက် အင်းလေး PDF တပ်မှူးအပါအဝင် ရဲဘော်အချို့ကျဆုံးသလို တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာလည်း ရဲဘော်တစ်ချို့နဲ့ ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ ရှိခဲ့တယ်လို့ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု(USSFU)က ဇန်နဝါရီလ ၂၁ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

MK-008

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ ပြည်သူ့စစ်(PNA)တွေ စစ်ရေးလေ့ကျင့်နေတဲ့အတွက် မြို့ခံတွေ ထမင်း၊ ဟင်း ချက်ပို့နေရ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ မှာ မေလ ၁၈ ရက်နေ့ကစပြီး ပအိုဝ်းပြည်သူ့စစ် (PNA)အတွက် ထမင်း၊ ဟင်း
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်ထောင်မှာ ထောင်ဝင်စာဖြတ်ခံထားရတဲ့အတွက် အဟာရမပြည့်ဝဘဲလူ ၅ ဦးထက်မနည်း သေဆုံးနေ

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာဖြတ်ခံရတဲ့ ၆ လကျော်အတွင်း လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွေမှာ ရေထဲပါတဲ့ ထုံးဓါတ်ကြောင့် စစ်ရှောင်တွေ ကျောက်ကပ်ရောဂါ အဖြစ်များနေ

ရှမ်း-ကရင်နီ(ကယား) နယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ အင်းလေးအမျိုးသမီးသမဂ္ဂ(IWU) ဦးစီးပြီး မေလ ၁၈ ရက်နေ့က ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

1027 စစ်ဆင်ရေးအပြီး စစ်မှုထမ်းဝင်ရောက်လာသူများပြားပြီး သူတို့သဘောဆန္ဒအရသာဖြစ်တယ်လို့ TNLAဆို

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ 1027 စစ်ဆင်ရေးအပြီးမှာ စစ်မှုထမ်းဆောင်ဖို့ တအာင်းလူငယ်တွေက သူတို့ရဲ့သဘောဆန္ဒနဲ့လာရောက်ပူးပေါင်းကြတာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲ ၄လ ကျော်ကြာတဲ့ထိ မိုးမိတ်မြို့မှ ပြည်သူထက်ဝက်နီးပါးစစ်ရှောင်ပြီး နေရပ်မပြန်နိုင်သေး

ရှမ်းမြောက် မိုးမိတ်မြို့တွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်တပ်မတော်(KIA)တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ၄လအကြာမှာ ထွက်ပြေးတိမ်ရှောင်တဲ့ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်အရှေ့ဘက် အနီးဝန်းကျင်ရွာတွေမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ ၁၀၀၀ ခန့် ညောင်ရွှေနဲ့ဟိုပုံးဘက်ကို စစ်ရှောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့ရဲ့အရှေ့ဘက်အနီးဝန်းကျင်က ရွာတွေဖြစ်တဲ့ ထီလီ၊ ခိုမုန်း၊ တုံပန်၊ လွယ်ထွယ်ရွာဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားလို့ ဒေသခံ ၁ ထောင်ကျော် ဟိုပုံးနဲ့ ညောင်ရွှေဘက်ကို စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်မှာ စစ်အင်အားတွေ တိုးချဲ့ပြီး အခိုင်အမာခံစစ်များပြုလုပ်လာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးဘက်တွေမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့ပြီး အခိုင်အမာခံစစ်တွေပြုလုပ်နေသလို EAOs တွေဘက်ကလည်း စစ်ရေးပြင်ဆင်မှုတွေပြုလုပ်လာနေတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တရုတ်နယ်စပ်ဖြတ်ကျော်ပြီး KIA ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ

ကချင်ပြည်နယ်၊ ဝိုင်းမော် ရွှေညောင်ပင် ခမရ - ၃၂၁ ကို မနေ့ မေ ၂၁ ရက်နေ့ ညပိုင်း KIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခံရတဲ့နောက် စစ်ကောင်စီအထိနာလို့ တရုပ်နယ်စပ်ဖြတ်ကျော် အသုံးပြုပြီး လိုင်ဇာမြို့ကို ဗုံးကျဲခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now