မြန်မာ့နွေဦး

အင်းလေးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ကျော် သေပြီး PDF တပ်ဖွဲ့ဝင်အချို့လည်းကျဆုံးကြောင်း USSFU ထုတ်ပြန်

မဲခေါင် 22 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသမှာ ဇန်နဝါရီလ ၃ရက်ကဖြစ်ပွားတဲ့ PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်၊ ပျူစောထီး၊ PNOပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်မှာ ၂ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု(USSFU)က ဇန်နဝါရီလ ၂၁ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အင်းလေးဒေသ၊ သန်းထောင်နဲ့ ဘုရားနီကျေးရွာအနီးမှာ USSFUတပ်ပေါင်းစုနဲ့ စစ်ကောင်စီ၊ အင်းပျူစောထီး၊ PNOပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၊ အင်းပျူစောထီး၊ PNO ပူးပေါင်းအဖွဲ့က ၃၀ကျော်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ USSFUတပ်ပေါင်းစုဖက်ကလည်း တပ်ဖွဲ့ဝင် အမှတ်(၁၀၀၉)တပ်ရင်း (အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)ရဲ့ တပ်ရင်းမှူးနဲ့ ရဲဘော်တချို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော်အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာလ ၃၁ရက်နေ့မှစပြီး တိုက်ပွဲမဖြစ်ပွားခင်ရက်တွေအတွင်း စစ်ကောင်စီနဲ့ PNOတို့မှ ဖမ်းဆီးရမိခဲ့တဲ့ အမှတ်(၁၀၀၅)တပ်ရင်း(ရှမ်းတောင်)က

မဲခေါင်၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသမှာ ဇန်နဝါရီလ ၃ရက်ကဖြစ်ပွားတဲ့ PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်၊ ပျူစောထီး၊ PNOပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်မှာ ၂ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု(USSFU)က ဇန်နဝါရီလ ၂၁ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အင်းလေးဒေသ၊ သန်းထောင်နဲ့ ဘုရားနီကျေးရွာအနီးမှာ USSFUတပ်ပေါင်းစုနဲ့ စစ်ကောင်စီ၊ အင်းပျူစောထီး၊ PNOပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၊ အင်းပျူစောထီး၊ PNO ပူးပေါင်းအဖွဲ့က ၃၀ကျော်သေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

USSFUတပ်ပေါင်းစုဖက်ကလည်း တပ်ဖွဲ့ဝင် အမှတ်(၁၀၀၉)တပ်ရင်း (အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)ရဲ့ တပ်ရင်းမှူးနဲ့ ရဲဘော်တချို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော်အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၃၁ရက်နေ့မှစပြီး တိုက်ပွဲမဖြစ်ပွားခင်ရက်တွေအတွင်း စစ်ကောင်စီနဲ့ PNOတို့မှ ဖမ်းဆီးရမိခဲ့တဲ့ အမှတ်(၁၀၀၅)တပ်ရင်း(ရှမ်းတောင်)က တပ်ရင်းမှူး၊ ရဲဘော်တစ်ဦးနဲ့အတူ ဆက်စပ်မှုရှိလို့ စွပ်စွဲဖမ်းဆီးထားတဲ့ ဒေသခံပြည်သူ အများအပြားကို မတရားဖမ်းဆီးနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ USSFUက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး နောက်ရက်တွေမှာလည်း USSFU တပ်ပေါင်းစုဝင် ရဲဘော်တချို့နဲ့ အပြစ်မဲ့ဒေသခံတချို့ဟာ စစ်ကောင်စီနဲ့ အင်းပျူစောထီးတွေရဲ့ ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးသူတွေလည်း ရှိခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

PNOနဲ့ အင်းပျူစောထီးတွေက ညောင်ရွှေ-အင်းလေးဒေသတကြောရှိ လမ်းတွေပိတ်ပြီး အစစ်အဆေးတွေ ပြုလုပ်နေပြီး ဒေသခံတွေအပေါ် အကြမ်းဖက် ဖမ်းဆီးနှိပ်စက်နေတာတွေကို အခုချက်ချင်းရပ်တန့်ဖို့ ပြင်းပြင်းထန်ထန်သတိပေးလိုက်တယ်လို့ USSFUက အသိပေးထားပါတယ်။

PNOနဲ့ အင်းပျူစောထီးတွေအနေနဲ့စစ်ကောင်စီအလိုကျ ပြည်သူလူထုရဲ့ လွတ်လပ်စွာသွားလာခွင့်န- အသက်အန္တရာယ်တွေကို ခြိမ်းခြောက်တဲ့ လုပ်ဆောင်ချက်တွေ ဆက်လက်လုပ်‌ဆောင်မယ်ဆိုပါက စစ်ကောင်စီနဲ့တန်းတူထားပြီး အခုထက်ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း USSFUက သတိပေးထားပါတယ်။

MK-008

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့