မြန်မာ့နွေဦး

အင်းယားကန်ဘောင်နဲ့ မြောက်ဥက္ကလာမှာ ဗုံးတပ်ထားတဲ့ ပုံစံတူ ဒရုန်း ၂ စီးတွေ့

မဲခေါင် 16 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၆ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားကန်ဘောင်ပေါ်မှာ ဒီနေ့ မနက်က ဗုံးတပ်ထားတဲ့ ဒရုန်း တစ်စင်း ပျက်ကျနေတဲ့ အတွက် စစ်ကောင်စီက ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားကန်ဘောင်ပေါ်မှာ ဒီနေ့ မနက်က ဗုံးတပ်ထားတဲ့ ဒရုန်း တစ်စင်း ပျက်ကျနေတဲ့ အတွက် စစ်ကောင်စီက ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်လမ်း၊ တံတားဖြူ မှတ်တိုင်အနီး အင်းယားကန်ဘောင်မှာ လက်လုပ် ဒရုန်းယာဉ် တစ်စီးကို ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ် ဝန်းကျင်က ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် စစ်တပ်က ဖောက်ခွဲခဲ့တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

“ ကန်ဘောင်ပေါ်မှာ အတားအဆီးတွေ လုပ်ပြီး ခွဲလိုက်တယ်။ ပြည်လမ်း မာလာဆောင်ရှေ့မှာ ကင်းလှည့်ကားတွေ ရပ်ပြီး စောင့်နေတာ ရှိတယ်။ အင်းလျားလမ်းထောင့်မှာ စစ်ကား ၃ စီးနဲ့ စစ်ကား Faw ကား အကြီး တစ်စီး ရပ်ထားတာ တွေ့တယ်။ ကျန်တာတော့ ပုံမှန်အတိုင်း ပတ်နေတာတွေ ရှိတယ်” လို့ သူကပြောပါတယ်။

အလားတူ မြောက်ဥက္ကလာပ (၂) ရပ်ကွက်၊ အုပ်ပုံဆိပ်၊ (၄၃၅) စစ်တပ်အနီးမှာ ပျက်ကျနေတဲ့ ဒရုန်း တစ်စီး ရှာတွေ့ခဲ့ပြီး စစ်တပ်က မူလတန်းကျောင်း အနီးမှာ ဖောက်ခွဲခဲ့လို့ စာသင်နေတဲ့ ကလေးတွေ ထိတ်လန့်ခဲ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

“ ဗုံးခွဲချင်တာ သူတို့တပ်ထဲ ဝင်ခွဲတာ မဟုတ်ဘူး။ ကလေးတွေ စာသင်ကျောင်းနား လာခွဲတယ်။ သူတို့က လူတွေကို ကြောက်အောင် ရပ်ကွက်ထဲထိ သယ်လာပြီး ခွဲသွားတာ။ တစ်ချို့ ကလေးမိဘတွေ ကတော့ ကလေးတွေကို ကျောင်းနောက်ပေါက်ကနေ ပြန်ခေါ်သွားကြတယ်။ ဖောက်ခွဲလိုက်တုန်းက မီးခိုးတွေ တက်လာတော့ လန့်ကြတာပေါ့” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

စစ်တပ်က တွေ့ရှိခဲ့တယ် ဆိုတဲ့ ဗုံးတပ် ဒရုန်း ၂ စင်းဟာ ပုံစံတူ ဖြစ်ပြီး ဘယ်အဖွဲ့ရဲ့ ဒရုန်း ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အခုလို စစ်တပ်က ဗုံးတွေ့လို့ ဆိုပြီး ဖောက်ခွဲမှုတွေ ပြုလုပ်နေပေမယ့် ရန်ကုန်မြို့က ရပ်ကွက်တွေအတွင်း မဲစာရင်း ကောက်ယူမှုတွေကိုတော့ ပုံစံမျိုးစုံနဲ့ လုပ်ဆောင် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့