မြန်မာ့နွေဦး

အင်းတော်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၆၀ နီးပါးရဲ့ အ‌လောင်းတွေကို စစ်တပ်က မီးပုံရှို့ခဲ့

မဲခေါင် 31 Dec - 2022
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၆၀ နီးပါးရဲ့ အလောင်းတွေကို စစ်တပ်က အလယ်ဆိပ်ကျေးရွာက နေအိမ်တွေနဲ့အတူ မီးပုံရှို့ထားခဲ့တယ်လို့ Indaw Revolution အဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ခဲ့တဲ့ အလယ်ဆိပ်ကျေးရွာ တဝိုက် နယ်မြေ ရှင်းလင်းစဉ် စစ်ကောင်စီတပ်သားတွေရဲ့ မီးလောင်ကျွမ်းနေတဲ့ အကြွင်းအကျန် အလောင်းတွေကို ကောက်လှိုင်းတွေနဲ့ အတူ မီးရှို့ထားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မနေ့က နယ်မြေရှင်းလင်းရင်း တွေ့တာပါ။ မီးကျွမ်းနေတဲ့ အရိုးတွေကို အလယ်ဆိပ်ရွာက သူတို့မီးရှို့ထားတဲ့ ကောက်ရိုးပုံတွေ ကောက်လှိုင်းစည်းပုံတွေနဲ့ မီးလောင်ထားတဲ့ အိမ်ထဲမှာတွေ တွေ့ရတာပါ 

လို့ Indaw Revolution – IR အဖွဲ့ တာဝန်ရှိသူ တဦးက မဲခေါင်သတင်းကို ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်း အခုလ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KIA-PDF ပူးပေါင်း တပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၆၀ ဝန်းကျင် သေဆုံးခဲ့ပြီး အလောင်းတွေကို အခုလို မီးရှို့ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ တိုက်ပွဲတွေမှာ စစ်တပ် အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး အင်အား ၄၀ ဝန်းကျင်ခန့်သာ ကျန်တော့စဉ် ညတွင်းချင်း တပ်ကူ အင်အားဖြည့်ပြီး ဒဏ်ရာရ စစ်သားတွေကို မဲဇာရွာ ကနေ တဆင့် အင်းတော်မြို့ဘက် ပြန်ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်က စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အလယ်ဆိပ်ရွာက ဈေးဆိုင်ခန်း ၆ ခန်း၊ စာကြည့်တိုက် ၁ လုံး၊ နေအိမ် ၂၆ လုံးနဲ့ စပါးတင်းပေါင်း ထောင်ချီ မီးလောင်ပျက်စီးသွားခဲ့ပြီး အလယ်ဆိပ်၊ မဲဇာနဲ့ နန့်သဲရွာက ပြည်သူတွေ စစ်ဘေး တိမ်းရှောင်ခဲ့ရပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့