မြန်မာ့နွေဦး

အခြေခံပညာ အထက်တန်းကျောင်းသားများ Shan Community College မှတစ်ဆင့် ပြည်ပတက္ကသိုလ်တွေနဲ့ ချိတ်ဆက် သင်ကြားနိုင်

မဲခေါင် 25 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၅ ရှမ်းပြည်နယ်၊ လွယ်တိုင်းလိဒေသမှာ ဖွင့်လှစ်ထားတဲ့ Shan Community College မှ တစ်ဆင့် အခြေခံပညာ အထက်တန်းကျောင်းသားတွေ ပြည်ပ တက္ကသိုလ်နဲ့ ချိတ်ဆက် သင်ကြားနိုင်တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်၊ လွယ်တိုင်းလိဒေသမှာ ဖွင့်လှစ်ထားတဲ့ Shan Community College မှ တစ်ဆင့် အခြေခံပညာ အထက်တန်းကျောင်းသားတွေ ပြည်ပ တက္ကသိုလ်နဲ့ ချိတ်ဆက် သင်ကြားနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီ ကောလိပ်မှာ နိုင်ငံရေးသိပ္ပံ၊ လူမှုသိပ်ပ္ပံ၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ဥပဒေ စတဲ့ ဘာသာ ရပ်တွေ သင်ကြားပေးပြီး နိုင်ငံတကာ‌ စာမေးပွဲတွေဖြစ်တဲ့ TOEFL၊ SAT နဲ့ IELTS စာမေးပွဲတွေအပြင် နိုင်ငံတကာ အသိအမှတ်ပြု GED ပြင်ဆင်ဖို့ အတွက်လည်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

“အခြေအနေ အခက်ခဲ အမျိုးမျိုးတွေကြောင့် ၁၀ တန်း မပြီးဆုံးသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အရမ်းများတယ်။ အဲတော့ ကျွန်မတို့က အထက်တန်း ပညာရေးနဲ့ ညီမျှအောင် တန်းညှိပေးတဲ့ပုံစံ ပြင်ဆင်ပေးတယ်။ ကျွန်မတို့ ၃ နှစ် Program မှာ ဘယ်လိုလုပ်ပေးလဲ ဆိုတော့ Social Science လည်း တက်ရမယ်။ အထက်တန်း ပညာရေး မပြီးဆုံးသေးတဲ့ ကျောင်းသားတွေကိုလည်း GED တစ်ခါတည်း ပြင်ဆင်ပေးတယ်။ ကျွန်မတို့ မိတ်ဘက် အဖွဲ့အစည်းနဲ့ Transfer လုပ်ပေးတယ်။ အဓိက တက်ချင်တဲ့ ကျောင်းသားတွေ English တော့ အခြေခံ ကောင်းရမယ်။ ရှမ်းစကား ပြောနိုင်၊ ရေးနိုင်ရင် တက်ရောက်နိုင်မယ်။ ပညာသင် စရိတ် ထောက်ပံ့နိုင်ရမယ်၊ ကျောင်းသားတွေ ကိုယ်နည်းကိုယ်ဟန်နဲ့ တက်နိုင်တဲ့ အနေအထား ဖြစ်ရမယ်” လို့ Shan Community College တာဝန်ရှိသူက ပြောပါတယ်။

ရှမ်းပြည်နယ် အခြေစိုက် Shan Community College ဟာ ကိုယ်ထူကိုယ်ထကျောင်း ဖြစ်ပြီး အွန်လိုင်း သာမက မြေပြင်မှာပါ ဘာသာရပ်အလိုက် သင်ကြားနိုင်သူတွေနဲ့ နိုင်ငံခြားတက္ကသိုလ်တွေမှာ သင်ကြားလာတဲ့ ရှမ်း ဆရာ၊ ဆရာမ အင်အား ၃၀ နဲ့ အဓိက သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

“ရိုးရိုးသားသား ပြောရရင် ကျွန်တော်ဟာ အစိုးရကျောင်းကို အဆင့် ၄ မှာ နုတ်ထွက်ခဲ့တဲ့ အချိန်ကတည်းက ပညာရေးကိစ္စ ဆက်လုပ်ဖို့ အခွင့်အရေး မရှိတဲ့သူပါ။ အဲဒီအချိန်ကစပြီး ကျောင်း၊ ကောလိပ်တက်ခွင့် ရမယ်လို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ မမျှော်လင့်ဘဲ ကျွန်တော့်ဘဝမှာ အကြီးမားဆုံး အရာတွေထဲက တစ်ခုကို အောင်မြင်ခဲ့တယ်” လို့ အဲဒီကျောင်းမှာ တက်ရောက်အောင်မြင်ခဲ့တဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

Shan Community College မှာ သင်ကြားပေးတဲ့ ဘာသာရပ် ၃၀ ရှိပြီး တက်ရောက် အောင်မြင်ပါက ချိတ်ဆက်ထားတဲ့ တက္ကသိုလ်မှာ ၂ နှစ်ဆက်လက် တက်ရောက်ပြီး B.A Degree ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းဝင်ခွင့်ကို တစ်နှစ် ၂ ကြိမ်ခေါ်ယူပြီး ဖေဖော်ဝါရီလမှ တစ်ကြိမ် ဇွန်လမှ တစ်ကြိမ် ကျောင်းသား လက်ခံပေးပြီး ဘွဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ထိုင်းနိုင်ငံ ချင်းရိုင်းတက္ကသိုလ်ရှိ Chiang Rai Rajaphat University မှာ တက်ရောက်ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။