ဒေသတွင်းသတင်း

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၂၃

စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်ထဲမှာ တအာင်းအမျိုးသား ပညာရေး ကော်မတီ-TNEC က ဦးစီးပြီး စာသင်ကျောင်းပေါင်း ၅၀၀ ကျော်အထိ ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် တချို့ကျေးရွာတွေမှာ ညှိနှိုင်းနေရပြီး ကျောင်းအဆောက်အအုံနဲ့ ဆရာ အခက်အခဲကြောင့် ဒီနှစ်မှာ ကျောင်းပေါင်း ၄၀၀ ကျော်သာ ဖွင့်လှစ် နိုင်ခဲ့တယ်လို့ TNEC ထံက သိရပါတယ်။

“အောက်ခြေမှာ ဆရာ၊ ဆရာမ လုံလောက်မှု မရှိတာ။ တချို့ စာရေးကိရိယာပိုင်း ပြည့်ပြည့်စုံစုံ မရှိတာ။ လိုအပ်ချက်ရှိတယ်။ ကလေးတွေအတွက် ဖတ်စာအုပ် မလုံလောက်သလို ဆရာလမ်းညွှန်မရှိတဲ့အတွက် အခက်အခဲ အနည်းငယ်ရှိတယ်” လို့ CDM ဆရာမတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ အထိ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၂၅,၀၀၀ ကို ဆရာ၊ ဆရာမ ၁,၀၀၀ ဝန်းကျင်နဲ့ သင်ကြားပေးနေ သလို အလယ်တန်းနဲ့ အထက်တန်းအဆင့် သင်ကြားနိုင်ဖို့ အတွေ့အကြုံရင့် CDM ဆရာ၊ ဆရာမတွေ ဖိတ်ခေါ် ဖြည့်ဆည်းထားတယ်လို့ ဆိုပါတယ်။

“သင်ပေးမယ့် ဆရာ၊ ဆရာမ ရှိရင်တောင် ကလေးတွေ အတွက် စာသင်ရမယ့် နေရာနဲ့ ကျောင်းအဆောက် အအုံ မရှိတာက စိန်ခေါ်မှု တစ်ခု ဖြစ်နေပြီး TNEC က ကိုယ်ပိုင်စာသင်ကျောင်းတွေ မဆောက်နိုင်သေးတာ ကြောင့် ကျေးရွာ တချို့မှာ အစိုးရ စာသင်ကျောင်းတွေကိုပဲ အသုံးပြုနေရတယ်” လို့ တအာင်း ပညာရေး ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ တအာင်း စာပေကို ဒေသတွင်း လူဉီးရေရဲ့ ၂၀ ရာခိုင်နှုန်းသာ သင်ကြားပေးနိုင် သေးတယ်လို့ တအာင်းစာပေ ဖြစ်မြောက်ရေး အတွက် ဉီးဆောင်ပံ့ပိုးခဲ့တဲ့ တအာင်း အမျိုးသား ပညာရေး ကော်မတီ-TNEC ထံက သိရပါတယ်။

တအာင်းပညာရေး ကော်မတီ-TNEC ကို တအာင်း ကျောင်းသားနဲ့ လူငယ်အဖွဲ့-TSYU၊ တအာင်း အမျိုး သမီးအဖွဲ့-TWO၊ တအာင်း ဥပဒေ အထောက်အကူပြုအဖွဲ့-TLA၊ တအာင်း သံဃာတော်များအဖွဲ့ ဗဟို-TSA စတဲ့ အဖွဲ့အစည်းတွေ ပါဝင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

MK-010

#MeKongNews

#တအာင်းစာပေ

#TNEC

#CDM

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖြူးမြို့အနီး ဘန်းလောင်းကျေးရွာကို စစ်တပ် လေကြောင်းက ဗုံးကြဲလို့ နေအိမ် ၆ လုံးပျက်စီး

ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ ဖြူးမြို့ အနီးက
စစ်ရေးသတင်း ဒေသတွင်းသတင်း

ရေဇွာမြို့သိမ်းတိုက်ပွဲ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြားရ

ချင်းပြည်နယ်၊ ရေဇွာမြို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ ၅ ရက်ကြာ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

“ ကရင်နီတံခါး” ကမ်ပိန်း ပြည်သူတွေ ဝိုင်းဝန်းကူညီပေးဖို့ ဖယ်ခုံ PDF မေတ္တာရပ်ခံ

ရှမ်းတောင် အခြေစိုက် ဖယ်ခုံ PDF နဲ့ မိုးဗြဲ PDF အပါအဝင် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြုလုပ်တဲ့ "ကရင်နီတံခါး" ကမ်ပိန်း ပြည်သူတွေ ဝိုင်းဝန်း ကူညီပေးဖို့ ဖယ်ခုံ PDF ပြန်ကြားရေး တာဝန်ရှိသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

သိမ်းပိုက်ထားတဲ့ ပန်ဆိုင်းမြို့မှာ အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ပြီလို့ MNDAA ကြေညာ

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ပန်ဆိုင်းမှာ အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ပြီလို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒီနေ့မှာ ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

မိတ္ထီလာ လေတပ်စခန်းက စစ်မတိုက်ဖူးတဲ့ လေတပ်သား ၅၀၀ ရှမ်းမြောက် ချီတက်ဖို့ ပြင်ဆင်

မန္တလေးတိုင်း၊ မိတ္ထီလာ လေတပ်စခန်းက စစ်မြေပြင်မှာ စစ်မတိုက်ဖူးတဲ့ လေတပ်သား ၅၀၀ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ချီတက်ဖို့ ပြင်ဆင်နေတယ်လို့ ခိုင်မာတဲ့ လေတပ် သတင်းရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

နှစ် ၃၀ တပ်စွဲထားတဲ့ ကုန်းကြမ်း ခလရ (၁၂၅) အလံဖြူထောင် လက်နက်ချတာ သမိုင်း၀င် အောင်မြင်မှုလို့ MNDAA ကြွေးကြော်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကုန်းကြမ်း အခြေစိုက် ခလရ (၁၂၅) တပ်ရင်းမှ လက်နက်ချ အလင်းဝင်သူ စုစုပေါင်း ၂၇၀ ကျော်ရှိတယ်လို့ MNDAA က မနေ့က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင် တပ်ရင်း ၃ ခု ပူးပေါင်းပြီး “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ဒရုန်း ကမ်းပိန်း ပြုလုပ်

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် တော်လှန်ရေး တပ်ရင်း ၃ ခု ပူးပေါင်းပြီး ဒရုန်း ဝယ်ယူနိုင်ဖို့ အတွက် “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

စစ်တပ်က လားရှိုးမြို့ထဲ ပေးမ၀င်လို့ လောက်ကိုင်ပြန် စစ်ဘေးရှောင် လူထောင်ချီ ဒုက္ခရောက်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောင်ကိုင်မြို့က ထွက်ပြေးတိမ်း‌ရှောင် လာတဲ့ စစ်ဘေးရှောင် လူတစ်ထောင်ကျော်ကို မနေ့ နိုဝင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်က လားရှိုးမြို့ထဲ ဝင်ခွင့် ပိတ်ပင်ထားလို့ ဒုက္ခ ရောက်နေကြတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now