မြန်မာ့နွေဦး

သံလွင် အရှေ့ခြမ်းကို စိုးမိုးထားနိုင်ပေမဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ပြည်သူတွေ ထွက်ပြေးနေရ

မဲခေါင် 11 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၁ ကရင်နီပြည်နယ် အတွင်း၊ သံလွင်မြစ် အရှေ့ခြမ်း နယ်မြေအားလုံးနီးပါး ထိန်းချုပ်စိုးမိုးထားနိုင်ပြီလို့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ မယ်စဲ့မြို့နယ် NLD အမတ်ဟောင်း ဦးသန်းလင်းလင်း က မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၁၁ ရက်မှာ ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၁

ကရင်နီပြည်နယ် အတွင်း၊ သံလွင်မြစ် အရှေ့ခြမ်း နယ်မြေအားလုံးနီးပါး ထိန်းချုပ်စိုးမိုးထားနိုင်ပြီလို့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ မယ်စဲ့မြို့နယ် NLD အမတ်ဟောင်း ဦးသန်းလင်းလင်း က မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၁၁ ရက်မှာ ပြောပါတယ်။

သံလွင် အရှေ့ခြမ်း နယ်မြေတွေဖြစ်တဲ့ ရှားတော့မြို့နယ်၊ နန့်ပါချောင်းမြောက်ဘက်၊ မယ်စဲမြို့နယ် တစ်ခုလုံးနဲ့ ဘောလခဲနယ်စပ် ဒေသတစ်ချို့ကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ နယ်မြေ ရှင်းလင်းနေပြီး ထိုင်း-ကရင်နီ နယ်စပ်မျဉ်းပေါ်က နယ်ခြားစောင့် တပ်ရင်း အမှတ် (၁၀၀၄) စခန်းမှာသာ စစ်ကောင်စီ တပ်စွဲနိုင်တော့တယ်လို့ သူက ရှင်းပြပါတယ်။

“လက်ရှိမှာတော့ တော်လှန်ရေး အင်အားစု နယ်မြေ စိုးမိုးမှုကို ပြောရရင် မယ်စဲ့မြို့နယ် သံလွင် အရှေ့ခြမ်းကို အားလုံးနီးနီးတော့ နယ်မြေစိုးမိုး ထားနိုင်ပြီ လို့တော့ ယေဘုယျ အားဖြင့် ပြောလို့ရပြီ။ ဒါပေမဲ့ အရင်BGF-အမှတ် (၁၀၀၄) တပ်ရင်း ထဲမှာတော့ စကစတွေ လေယာဉ်နဲ့ ဗုံးကြဲပြီး ဟတ်စကီးနဲ့ လူအင်အားကော၊ လက်နက်တွေကော ထပ်လာချသွားတယ်။ ဒါကြောင့် အဲဒီ တပ်ရင်းစခန်း တစ်ခုပဲ ကျန်တော့တယ်” လို့ သူက ရှင်းပြပါတယ်။

စစ်ရေးအရ နယ်မြေစိုးမိုးထားနိုင်ပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် မယ်စဲ့မြို့နယ်ထဲမှာ ပြည်သူတွေ မရှိတော့ဘဲ မြို့နယ်လုံးကျွတ် စစ်ဘေး တိမ်းရှောင်နေရပြီး ထိုင်း-ကရင်နီ နယ်စပ်နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းတွေမှာ ခိုလှုံနေရတယ်လို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။

“မယ်စဲ့မြို့နယ်ထဲမှာတော့ ပြည်သူတွေ တစ်ယောက်မှ မရှိတော့ဘူး။ ကရင်နီ တော်လှန်ရေး အင်အားစုတွေ ဘက်က နယ်မြေစိုးမိုးနိုင်တယ် ဆိုသော်ငြားလည်း စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတာ ဆိုတော့ မယ်စဲ့မြို့နယ် မြို့ပေါ်က လူကော၊ ကျေးရွာမှာ နေထိုင်တဲ့ ပြည်သူလူထုကော စစ်ဘေးရှောင်ကြပြီ။ ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာမှာက လတ်တလော စစ်ရှောင်ဦးရေ ၃,၅၀၀ လောက်၊ နောက်ပြီး မြန်မာ-ထိုင်း နယ်စပ်မျဉ်းမှာတော့ ၅,၀၀၀ ကျော်လောက်ရှိမယ်။ ထပ်တိုးဖို့လဲရှိတယ်။ လတ်တလော မှာတော့ ထိုင်းဖက်ခြမ်း စစ်ရှောင်ဦးရေ ကန့်သတ်ထားတော့ အခု မြန်မာဖက်ခြမ်းက စစ်ရှောင် ၅,၀၀၀ ကျော် ဝင်ခွင့်မရဘူး ဖြစ်နေတယ်” လို့ သူကပြောပါတယ်။

ထိုင်းနယ်စပ် အာဏာပိုင်တွေက ထိုင်းနိုင်ငံထဲ စစ်ရှောင် ဒုက္ခသည်တွေ ခိုလှုံခွင့် ကန့်သတ်ထားပေမဲ့ လိုအပ်တဲ့ အရေးပေါ် စားနပ်ရိက္ခာတွေ သယ်ခွင့်ပြုထားတဲ့အတွက် မြန်မာဘက်ခြမ်းမှာ ကျန်ခဲ့တဲ့ စစ်ရှောင် ပြည်သူ ၅,၀၀၀ ကျော်အတွက် လိုအပ်တဲ့ အမိုးအကာ၊ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ ကူညီပေးနေတယ်လို့ မယ်စဲ့မြို့နယ် NLD အမတ်ဟောင်း ဦးသန်းလင်းလင်း က ပြောပါတယ်။

MK-007
ဓာတ်ပုံ-ပုံဟောင်းဖြစ်ပါတယ်။

#MekongNews

#မယ်စဲ့မြို့နယ်

#သံလွင်မြစ်

#NLD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now