မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင် 20 Mar - 2023
မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၀

ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မနေ့ မတ်လ ၁၉ ရက်၊ ည ၇ နာရီ ဝန်းကျင်က ဧရာဝဏ်လမ်းနဲ့ နဝရတ်လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ အအေးဆိုင်ကို မဘသနဲ့ ပျူစောထီး ခေါင်းဆောင် တင်လင်းထိုက် (ခေါ်) လင်းလင်း ရဲ့ အဖွဲ့တွေက လာရောက် ပစ်ခတ်သွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တွေက ပြောပါတယ်။

“ အအေးရောင်းတဲ့ အကိုနဲ့ လင်းလင်း တပည့် ရဲစိန်နဲ့ ရန်ဖြစ်ဖူးတယ်။ နောက်ပြီး မနှစ်က ရဲစိန် ပစ်သတ်ခံရပြီး သေတာကို လင်းလင်း တို့က မကြေနပ်ဘူး။ ရပ်ကွက်ထဲမှာ အအေးဆိုင်ပိုင်ရှင် ကိုညိုကြီး တို့ကြောင့် သေရတာ ဆိုပြီး ရပ်ကွက်ထဲမှာ သတင်းလွှင့်နေတာ။ အခု လာပစ်တာလည်း လင်းလင်း တို့အဖွဲ့က ကောင်တွေဆိုတာ မြင်တဲ့သူတွေ ရှိတယ်။ အရင်နေ့က ရဲ ၃ ယောက် အသတ်ခံရလို့ ဒီကောင်တွေ အဖွဲ့ကို စစ်တပ်က သေနတ်တွေ ပေးထားတာ” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ လာရောက် ပစ်ခတ်လို့ အအေးဆိုင်ပိုင်ရှင် ကိုမောင်ဇော ်(ခ) ကိုညိုကြီး နဲ့ သူငယ်ချင်းဖြစ်သူ သင်္ဘောသား ကိုဝေဖြိုးအောင် တို့နေရာမှာ သေဆုံးခဲ့ပြီး ကျည်ခွံ ၆ ခု ကျန်ခဲ့တယ်လို့ သူကပြောပါတယ်။

“ သာကေတ (၆) နဲ့ (၇) ရပ်ကွက်မှာ နေတဲ့ ဘောမ တစ်သိုက် ပျော်နေတာ ရှိတယ်။ သူတို့လူတွေ အသတ်ခံရတာကို သူတို့နဲ့ မတည့်တဲ့ သူတွေတိုင်လို့ အသတ်ခံရတာ ဆိုပြီး ပြန်လုပ်တာ။ ကိုဝေဖြိုးအောင် ဆို သင်္ဘောက ပြန်ဆင်းလာတာ မကြာသေးဘူး။ သူ့သူငယ်ချင်းဆိုင် လာပြီး စကားပြောနေတုန်း အသတ်ခံရတာ။ စစ်တပ်က သူ့တို့ကောင်တွေ သတ်တော့ ဖြစ်သလိုလေးစစ်ပြီး ပြန်တာ။ သူတို့လူတွေ အသတ်ခံရတုန်းက မီးဖြတ်ပြီး တစ်ရပ်ကွက်လုံး အိမ်ပေါက်စေ့ ဝင်စစ်တယ်။ လမ်းတွေ ပိတ်ပြီး စစ်တယ်။ ခုအဲဒါမျိုး လုပ်တာ တစ်ခုမှ မရှိပါဘူး” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

စစ်တပ် ဝါဒဖြန့် မီဒီယာတွေမှာတော့ ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားသူတွေဟာ PDF အမျိုးသား ၂ ဦးဖြစ်ပြီး ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြနေပေမယ့် ရပ်ကွက်နေ ပြည်သူတွေကတော့ ပစ်သတ်သူတွေဟာ မဘသနဲ့ ပျူစောထီး ခေါင်းဆောင် တင်လင်းထိုက် (ခေါ်) လင်းလင်း ရဲ့ တပည့်တွေ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သာကေတမြို့နယ် (၉) ရပ်ကွက်မှာ ရဲ ၃ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် မဘသနဲ့ ပျူစောထီး တွေကို စစ်ကောင်စီတပ်တွေက သေနတ်တွေ ထုတ်ပေးထားတယ်လို့ သိရပါတယ်။

MK-005

#MeKongNews

#သာကေတ

#မ.ဘ.သ

#တင်လင်းထိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ