မြန်မာ့နွေဦး

သာကေတအရက်ဆိုင်ကွေ့မှာ ရာအိမ်မှူးထွန်းဝင်း သေနတ်ပစ်ခံရပြီးသေဆုံး

မဲခေါင် 15 Jan - 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အရက်ဆိုင်ကွေ့မှာ ရာအိမ်မှူးထွန်းဝင်းဆိုသူ ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့အပစ်ခံရပြီးသေဆုံးသွာတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အရက်ဆိုင်ကွေ့မှာ ရာအိမ်မှူးထွန်းဝင်းဆိုသူ ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့အပစ်ခံရပြီးသေဆုံးသွာတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ဒီနေ့ဇန်နဝါရီ ၁၅ရက် မနက်၆နာရီဝန်းကျင်က ရာအိမ်မှူးထွန်းဝင်းကို သေနတ်နဲ့ပစ်သွားတာဖြစ်ပြီး အပစ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားတာကြောင့် အလောင်းကို ဆေးရုံကားနဲ့တင်ပြီးခေါ်သွားတယ်လို့ မျက်မြင်တစ်ဦးကပြောပါတယ်။

“ တစ်ချက်ထဲနဲ့ အပြီးလုပ်သွားတာ။ သေနတ်နဲ့တစ်ချက်ပစ် တစ်ခါထဲသေသွားတာ။ အလောင်းကိုတော့ ဆေးရုံကားနဲ့တင်သွားတယ်။ သေပြီးစစ်တပ်ကကောင်တွေရောက်လာပြီး စောင့်နေတာတွေရှိတယ်။ မနက်၉နာရီကျော်လောက်အထိ ရှိသေးတယ်။ ၇စျေးအကျော်နားမှာဖြစ်တာ” လို့ သူကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ သာကေတဗေလုဝကွေ့နားမှာ ဆိုင်ကယ်တွေကို မြေနီလမ်းမထဲအထိ လိုက်လံဖမ်းဆီးတာတွေ မနက်၇နာရီကျော်အချိန်ထဲက လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရာအိမ်မှူးထွန်းဝင်းကို ဘယ်သူလာရောက်ပစ်ခတ်သွားတယ်ဆိုတာတော့ သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို စစ်ကောင်စီကလည်း လူသတ်မှုဖြစ်ပွားခဲ့တဲ့ ၇ ​စျေးအနီးမှာ စစ်ကား ၂စီးနဲ့ လှည့်ကင်းတွေပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်