မြန်မာ့နွေဦး

သမ္မတဦးဝင်းမြင့် ဓာတ်ပုံတွေ့မှုနဲ့ ပင်လောင်းမြို့နယ် စည်ပင်ဦးစီးမှူးကို စစ်ထောက်လှမ်းရေး ဖမ်းဆီး

မဲခေါင် 14 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၄ ရုံးခန်းအတွင်းမှာ သမ္မတဦးဝင်းမြင့်ရဲ့ ဓာတ်ပုံ တွေ့လို့ဆိုပြီး ပင်လောင်းမြို့နယ် စည်ပင်ဦးစီးမှူးကို စစ်ထောက်လှမ်းရေးမှ ဇန်နဝါရီလ ၁၂ ရက်က ဖမ်းဆီးသွားတယ်လို့ စည်ပင်သာယာရေးဌာန သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၄

ရုံးခန်းအတွင်းမှာ သမ္မတဦးဝင်းမြင့်ရဲ့ ဓာတ်ပုံ တွေ့လို့ဆိုပြီး ပင်လောင်းမြို့နယ် စည်ပင်ဦးစီးမှူးကို စစ်ထောက်လှမ်းရေးမှ ဇန်နဝါရီလ ၁၂ ရက်က ဖမ်းဆီးသွားတယ်လို့ စည်ပင်သာယာရေးဌာန သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦး ကို ရုံးခန်းအတွင်း သမ္မတဦးဝင်းမြင့်ရဲ့ ဓာတ်ပုံ‌ တွေ့ရှိတယ်လို့ အကြောင်းပြပြီး စစ်ထောက်လှမ်းရေး-စရဖနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“ ၁‌၂ ရက်နေ့ညက စရဖနဲ့ ရဲက အင်အားအများကြီးနဲ့ လာဖမ်းသွားတာ။ ရုံးခန်းထဲမှာ အရင်က နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံ တွေ့တယ်ဆိုပြီး ဖမ်းခေါ်သွားတာ။ အခုထိတော့ ဘာသတင်းမှ မရသလို ပြန်လည်း မလွတ်လာသေးဘူး” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ပင်လောင်းမြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းတွေ ဦးဝင်းနိုင်ဦး ရုံးခန်းထဲသို့ လာရောက်စဉ် သမ္မတဦးဝင်းမြင့်ရဲ့ ဓာတ်ပုံကို တွေ့တဲ့အတွက် စရဖထံ တိုင်းကြားခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ သတင်းထွက်ပေါ်နေပေမယ့် မဲခေါင်သတင်း အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လက်ရှိ ဦးဝင်းနိုင်ဦး ကို ပင်လောင်းမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး စစ်ကောင်စီက အရေးယူဖို့ ရှိ၊ မရှိ ကိုတော့ မသိရသေးပါဘူး။

ပင်လောင်းမြို့နယ်ဟာ စစ်ကောင်စီတပ်တွေနဲ့ PNO တပ်ဖွဲ့တွေ အများအပြား တပ်စွဲရာ ဒေသဖြစ်သလို ဆန္ဒပြကာလက လွဲပြီး တော်လှန်ရေး လှုပ်ရှားမှု မရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။