စစ်ကိုင်းတိုင်း ၊ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနီးရှိ စစ်ကောင်စီဆင်စွယ်စခန်းမှ စစ်အင်အား ၃၀၀ခန့် နဲ့ ပျူစောထီး အင်အားပူပေါင်းပါဝင်ထားတဲ့စစ်ကြောင်းဟာ အင်တိုင်းကျေးရွာဝန်းကျင်ရှိ ရွာတွေကိုဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၇၀၀၀ခန့်ဟာ စစ်ဘေးရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က သတင်းထုတ်ပြန်ထားပါတယ်။
တွေက ဘယ်ရွာဝင်ဝင် လက်နက်ကြီးငယ် တွေနဲ့ရမ်းသမ်းပစ်ခတ်ပြီးဝင်တာများပါတယ်ဗျ၊ပြည်သူအထိအခိုက်တော့မရှိဘူး၊ပတ်ပတ်လည်ရွာက စစ်ကြောင်းလာတယ်ကြားတာနဲ့ အကုန်ပြေးကြတာ ရွာထဲမနေရဲကြဘူးဗျ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲခန့်မှာ စစ်ကြောင်းဟာ အင်တိုင်း၊ကျွဲတဲကျေးရွာ ပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အင်တိုင်း ၊ ကျွဲတဲ ၊ အင်လှ ၊ ညောင်ကိုင်း ၊ ပေါယော ၊ သရက်တထောင်၊ မြင်သာ ကျေးရွာ ၇ ရွာမှ ပြည်သူ (၇၀၀၀) ခန့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ လည်း ညောင်ကိုင်း ကျေးရွာထဲသို့ ဝင်ရောက်၍ တန်ဖိုးကြီးပစ္စည်းရှာဖွေ ယူဆောင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ထိုစစ်ကြောင်းဟာ မွန်းလွဲ အင်တိုင်း ၊ ကျွဲတဲ ၊ ညောင်ကိုင်း ရွာသုံးရွာ အကြားမှာ တပ်ဖျောက်ထားပြီး ဘယ်တပ်ရင်းလဲဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
“ အဓိကကအစားအသောက် အဝတ်အထည်၊ဆေးဝါးပေါ့၊ဆောသ်းတွင်းရောက်ပြီဆိုတော့ တောထဲမှာ ဖြစ်သလိုအိပ်ရတာတွေက အရမ်းခက်ခဲတယ်ဗျ၊အရွယ်မမယ်ကလေးကအစ သက်ကြီးရွယ်အိုထိ အရမ်းဒုက္ခများကြတယ်၊ပြည်သူတွေက စစ်ကြောင်းရွာထဲကထွက်သွားရင်တောင် ၂ရက် ၃ရက်အထိ ရွာထဲပြန်မနေရဲကြဘူး ဖမ်းဆီးသတ်ဖြတ်တာတွေရှိတော့ ဖမ်းခံရမှာ ဖမ်းမိမှာ အရမ်းကြောက်ကြတယ်ဗျ” လို့ ဒေသခံတစ်ဦးက ဆက်လက်ပြောပါတယ်။
ကျွဲတဲ ၊ အင်လှ ၊ အင်တိုင်း ကျေးရွာများသည် ၂၀၂၁ အောက်တိုဘာလမှာ ကျွန်းလှမြို့နယ်တွင်း ပထမဆုံး စစ်ကောင်စီ စစ်ကြောင်းဝင်ခြင်း ခံခဲ့ရတဲ့ ရွာတွေဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီဘက်မှ အလောင်းမင်းတရား စစ်ဆင်ရေးအမည်နဲ့ ကျွန်းလှမြို့နယ်သို့ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့ပြီး ပစ်ခတ်တာကြောင့် အင်တိုင်းကျေးရွာသား အချို့ ဒဏ်ရာရရှိကာ လွှတ်တိုက် ကျေးရွာ မှ အသက် ၂၉ နှစ်အရွယ် ကိုငြိမ်းထွန်း ဟာ အိမ်သာထဲမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့သတ်ဖြတ်တာခံခဲ့ရပါတယ်။