မြန်မာ့နွေဦး

သပိတ်ကျင်းမြို့နယ် ချောင်းကြီးရဲစခန်းကို ဒရုန်း ၃ စီးနဲ့တိုက်ခိုက်၊ ဒရုန်း တစ်စီးဆုံးရှုံး

မဲခေါင် 25 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို ဒုတိယအကြိမ်အဖြစ် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ကောင်းကင် တော်လှန်ရေး အင်အားစုက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို ဒုတိယအကြိမ်အဖြစ် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ကောင်းကင် တော်လှန်ရေး အင်အားစုက ထုတ်ပြန်ပါတယ်။

မနေ့က နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ ဒရုန်း ၃ စီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ဒရုန်းဖျက်ဆီးနိုင်တဲ့ Jammer တပ်ဆင်ထားမှုကြောင့် ဗုံးကြဲချမှု အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

“ စစ်ကောင်စီ တပ်ဆင်ထားသော Jammer ကြောင့် Drone တစ်စီးအား ပြန်လည်‌ ခေါ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ဆုံးရှုံးခဲ့ရပါသည်။ Jammer တပ်ဆင်ထားမှုကြောင့် Drone ၃ စီးမှာ ဗုံးသီး ၂ လုံးသာ ကြဲချနိုင်ခဲ့ပြီး စိတ်ကြိုက် Mission ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပါ” လို့ ကောင်းကင် တော်လှန်ရေး အင်အားစုက ပြောပါတယ်။

ဗုံးကြဲချပြီးနောက် စစ်ကောင်စီဘက်မှ ရမ်းသန်း ပစ်ခတ်ခဲ့ပြီး နင်းမိုင်းများ ကွဲတယ်လို့ သတင်းလွှင့်ကာ ရွှေလုပ်ကွက်တွေထဲ စစ်ကြောင်းထိုး စုံစမ်းစစ်ဆေး ရှာ‌ဖွေမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

အဲဒီ ရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ ရဲသား ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခု ဒုတိယအကြိမ် စစ်ဆင်ရေးကို ဗိုလ်ကောင်းကင် တပ်ဖွဲ့-ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ ဗိုလ်လင်းယုန် တပ်ဖွဲ့-ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ စဉ့်ကူးမြို့နယ်-ပ.က.ဖ၊ Nine PDF၊ ဧရာဝတီ ပျံလွှား၊ Sky Hero-Madaya၊ ARDF တော်လှန်ရေး အင်အားစုနဲ့ Peacock Warrior Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့တိုက်ပွဲကြား ပိတ်မိနေသူ ၈ ဦးကို ကယ်ထုတ်

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ အကြောင်းကြောင်းကြောင့် ပိတ်မိနေခဲ့တဲ့ ဆီဆိုင်မြို့ သီရိရပ်ကွက်က ပြည်သူ ၂၀ ဦးအနက် ဒုတိယအသုတ်အဖြစ် ပြည်သူ ၈
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြို့လှမြို့က စစ်ကောင်စီစွန့်သွားတဲ့ ဗျူဟာစခန်းကုန်းကို KIA နဲ့ PDF တို့ ပြန်ထိန်းချုပ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့အတွင်းက စစ်ကောင်စီရဲ့ ဗျူဟာစခန်းကုန်းတစ်ခုကို ကချင်အမျိုးသားလွတ်လွပ်ရေးတပ်မတော် (KIA) နဲ့ KPDF တို့က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒီနေ့မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထမ်စမ်းရွှေတိဂုံစေတီတော်ပုံတူ တည်ထားတဲ့ သာသနာ့မြေကနေ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ထမ်ဆမ်းဂူအနီးမှာ တည်ထားတဲ့ ရွှေတိဂုံစေတီတော်(ပုံတူ) သာသနာ့မြေကနေ စစ်ကောင်စီအမြောက်တပ်ဟာ ပတ်၀န်းကျင်ရွာတွေကို ပစ်ခတ်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြန်မာပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို အားလုံးစုပေါင်းရုန်းကန်တည်ဆောက်ဖို့ အချိန်အခါသင့်နေပြီလို့ TNLA ဆို

မြန်မာပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံကို အားလုံးစုပေါင်းရုန်းကန်တည်ဆောက်ဖို့ အချိန်အခါသင့်နေပြီလို့ တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်မြို့ ရပ်ကွက်တွေအတွင်း စစ်ကောင်စီက မီးလောင်ဗုံးများ ကြဲချ

ကရင်နီပြည်နယ် ၊ လွိုင်ကော်မြို့ထဲရှိ ရပ်ကွက်များအတွင်း စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ မနက်ပိုင်းအချိန်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးများ၊ အဝေးပစ် မီးလောင်ဗုံးများ လိုက်လံကြဲချ ပစ်ခတ်ခဲ့လို့ နေအိမ်များ မီးလောင်ကျွမ်းခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံးတိုက်ပွဲ ပြည်သူ့စစ် ၄ လောင်းနဲ့ လက်နက်တွေ PNLA သိမ်းမိ

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ၄ လောင်းနဲ့ လက်နက်ကြီး ၁ လက်၊ လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းတွေ ရခဲ့တယ်လို့ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA ထုတ်ပြန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ပိတ်မိနေဆဲ ဒဏ်ရာရသူအပါ ၂၀ ဦးခန့်ကို ကယ်ထုတ်ရန် ကားအခက်အခဲရှိနေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်း ပိတ်မိနေဆဲဖြစ်တဲ့ ခေါင်းဒဏ်ရာရသူအပါအဝင် ပြည်သူ ၂၀ ဦးခန့်ကို ကယ်ထုတ်ရန်အတွက် ကားအခက်အခဲရှိနေတယ်လို့ ဆီဆိုင်စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အဖွဲ့ဝင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်အနီး တိုက်ပွဲတွေကြောင့် ကျိုင်းတုံ၊ မိုင်းဆတ်သွားကားတွေ ပိတ်မိနေ

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံး၊ မိုင်းပွန်၊ လွိုင်လင်မြို့များအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျိုင်းတုံ၊ မိုင်းဆတ်သွား ကားတွေ ပိတ်မိနေကြတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now